ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ကြိုတင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ အခုလို ဖော်ပြထားပြီ ဖြစ်ပါတယ်။

Arsenal v Crystal Palace

ဒီတလော ရလဒ်တွေကြောင့် မီခေးလ် အာတီတာရဲ့ အသင်းကို မေးခွန်းထုတ်မှုတွေ ရှိနေမှာပါ။ အထူးသဖြင့် အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့ တိုက်စစ်ပေါ့။ ဒါကို ပြောင်းလဲဖို့ သူတို့ နည်းလမ်း ရှာရပါမယ်။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလားလဲ တွေးမိတယ်။

အာဆင်နယ်ကို title race မှာ ဆက်ရှိနေစေချင်ပြီး ရာသီကုန်ထိ မန်ချက်စတာ စီးတီးကို စိန်ခေါ်နိုင်စေချင်တာပါ။ ဒီလို ဖြစ်လာဖို့ ဆိုရင် ဒီတပတ် ပွဲလိုမျိုးကို သူတို့ နိုင်မှ ဖြစ်ပါမယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-ဝ ပဲလေ့စ်။

Bournemouth v Liverpool

ပြီးခဲ့တဲ့အပတ်တွေမှာ ဟာလန်း မပါဘဲ မန်စီးတီးတို့ လုပ်ပြနိုင်စွမ်းရှိတာကို မြင်ထားခဲ့ပါပြီ။ အခုကတော့ အာဖရိကဖလားကြောင့် လက်လွတ်ထားရတဲ့ ဆာလာ မပါဘဲ လီဗာပူးတို့ လုပ်ပြနိုင်ရတော့မှာ ဖြစ်ပါတယ်။

စပါးကို မရှုံးခင် ဘုန်းမောက်ဟာ ၇ ပွဲလောက် အနိုင်ရထားပြီး နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲပဲ သရေကျထားတာ ဖြစ်ပါတယ်။ ဘုန်းမောက်က စုဖွဲ့မှုကောင်းနေသလို လီဗာပူးကို ဖိအားပေးနိုင်စွမ်း ရှိပါတယ်။ ကျနော်ကတော့ ဘုန်းမောက်တို့ ရလဒ် ခွဲယူသွားမယ် မြင်နေပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-1 လီဗာပူး

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Brentford 2-1 Nott’m Forest
Sheff Utd 1-1 West Ham
Brighton 2-1 Wolves