ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက အာဆင်နယ်နဲ့ လီဗာပူးပွဲတွေပဲ ရှိပါလိမ့်မယ်။ ဝါရင့် သုံးသပ်သူ ပေါမာဆန်ရဲ့ ခန့်မှန်းတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။
Arsenal v Crystal Palace
ပရီးမီးယားလိဂ် ယှဉ်ပြိုင်မှုထဲ ပါလိုတယ်ဆိုရင် အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ်။ အဲ့လောက်ကို ရိုးရှင်းပါတယ်။ သူတို့က ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်ပွဲတွေကို နိုင်ရမှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီပွဲကဖြစ်သင့်တာထက် ပိုခက်ခဲနေတာပါ။
ဒီပွဲ အာဆင်နယ်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အာတီတာတို့ လူစာရင်းအပေါ် ဖိအားတွေတော့ ဝင်နေပါပြီ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-ဝ ပဲလေ့စ်။
Bournemouth v Liverpool
ဒဏ်ရာတွေ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် လီဗာပူးအသင်းက အဓိက ကစားသမား များစွာကို လက်လွတ်ထားရတယ်။ ဒီပွဲက သူတို့ ခြေချော်သွားနိုင်ပါတယ်။ ဆာလာ မရှိတာကြောင့် လီဗာပူးက ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရဖို့ လိုလာလိမ့်မယ်။
အဓိက ကစားသမားတွေ မပါနိုင်တဲ့ လီဗာပူးထံကနေ ဘုန်းမောက်တို့ ရမှတ် ၁ မှတ် ခွဲယူနိုင်မှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-1 လီဗာပူး
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Brentford 1-0 Nottingham Forest
Sheffield United 1-0 West Ham
Brighton 3-2 Wolves