လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စတင်လာခဲ့ကတည်းက ထရန့်ကို စာချုပ်သစ်ပေးဖို့အား ဦးစားပေးအဖြစ် ရွေးချယ်ထားပေမယ့် မျှော်လင့်ထားသလို အခြေအနေ တိုးတက်မှုမျိုး မမြင်ရသေးပါဘူး။

လက်ထောက် အသင်းခေါင်းဆောင်နည်းတူ ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်ကြမှာပါ။

ပုံမှန်အားဖြင့် ကလပ်တွေဟာ ကစားသမားသစ်တွေကို စာချုပ် ၁၈ လ အလို ဒါမှမဟုတ် ၁ နှစ်အလိုမှာ သက်တမ်းတိုးရေးကို အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းကတော့ အခုချိန်ထိ စာချုပ်သစ် ကြိုးစားမှု စတင်လာခြင်း မရှိသေးပါဘူး။

The Athletic သတင်းထောက် James Pearce ကတော့ လီဗာပူးအသင်းဟာ ရာသီမကုန်ခင်ထိ သူတို့ ၃ ဦးကို စာချုပ်သစ်အကြောင်း ဆွေးနွေးစကားပြောမှု စတင်နိုင်ဖွယ် မရှိဘူးလို့ ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဟာ အချိန်ကောင်း ရောက်ရှိလာမှာကို စောင့်ဆိုင်းနေပါတယ်။ လက်တလောမှာတော့ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီကို သက်တမ်းတိုးမလား ကိစ္စကိုပဲ အရင်ဆုံး ဖြေရှင်းနေတာ ဖြစ်ပါတယ်။

အဓိက ကစားသမား ၃ ဦးကို သက်တမ်းတိုးဖို့ကတော့ အေးဂျင့်နဲ့ ကစားသမားတွေ လက်မှတ်ထိုးကြေး ပေးရဖို့ရှိပြီး ကစားသမားတွေရဲ့ လုပ်ခတွေကြောင့် ပြောင်းလဲဖြစ်ပေါ်လာမယ့် ကုန်ကျစရိတ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ကန်သတ်ချက်နဲ့ ယူအီးအက်ဖ်အေရဲ့ FFP ထဲ ဝင်နိုင်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

လက်ရှိ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ရနေတဲ့ ဗန်ဒိုက်၊ တစ်ပတ် ပေါင် ၃၅၀၀၀၀ ရနေတဲ့ ဆာလာနဲ့ တစ်ပတ် ပေါင် ၂၀၀၀၀၀ ကျော်ရနေတဲ့ ထရန့်တို့ကို စာချုပ်သစ်မှာတော့ လုပ်ခပိုင်း တိုးပေးရဖွယ် ရှိပါတယ်။

၂၀၂၄ ရာသီကုန်မှာတော့ မာတစ်၊ သီယေဂိုနဲ့ အတ်ဒရီယန်တို့ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်မှာဖြစ်ကာ အလွတ်စာချုပ်တွေဖြင့် ထွက်ခွာသွားကြဖွယ် ရှိနေပါတယ်။