အာဆင်နယ်အသင်းဟာ အမှတ်ပေးဖလား စိန်ခေါ်ဖို့အတွက် တုန့်ပြန်မှုတစ်ခုအဖြစ် ပဲလေစ့်ကို ရင်ဆိုင်ကစားတဲ့ ဒါဘီပွဲမှာ ၅ ဂိုးပြတ် သွင်းယူရင်း ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ရိုက်စ် နှင့် ဆာကာတို့ရဲ့ ထောင့်ကန်ဘောတွေကနေ ရရှိလာတဲ့ အခွင့်အရေးတွေကို နောက်ခံလူ ဂါဘရီရယ် က ခေါင်းတိုက် သွင်းယူခဲ့တဲ့ သွင်းဂိုး၂ဂိုးကြောင့်လည်း အာဆင်နယ်တို့ သက်သောင့်သက်သာကစားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘော ကနေ သွင်းဂိုး ၁၀ ဂိုး အထိ ရထားပြီး ထောင့်ကန်ဘော ကနေ သွင်းဂိုး အများဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒီရာသီ ခေါင်းတိုက် သွင်းဂိုး (၁၁ဂိုး) အများဆုံး အသင်းလည်း ဖြစ်နေပါတယ် ။
ကစားပုံကောင်းပေမယ့် အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကတော့ အဆုံးသတ်ပိုင်းနဲ့အတူ လိုအပ်ချက်တွေရှိနေဆဲဆိုတာ တွေ့ရပါတယ်။ တိုက်စစ်အကြောင်း လူပြောများနေကြပေမယ့် အခြားသော နေရာက ကစားသမားတွေကလည်း ဂိုးရယူနိုင်ကြောင်း ဒီပွဲမှာ ပြသခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ကစားအား မချခဲ့တဲ့ အာဆင်နယ်ဟာ နောက်ဆုံးမှာတော့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ခုအပြင် ဆုဖလား စိန်ခေါ်ဘက်တွေကို သတိပေးချက် ပေးပို့နိုင်မယ့် ဂိုးပြတ်နိုင်ပွဲကိုပါ ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပါတယ်။
ဒူဘိုင်းမှာ အားဆေးတွေ ရှာတွေ့ခဲ့ဟန်ရှိတဲ့ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ယားထိပ်က လီဗာပူးထက် ၁ ပွဲပိုကစား ၂ မှတ်အကွာဖြင့် အမှတ်ပေးဖလားနေရာ ပြန်လည် စိန်ခေါ်လာခဲ့ပြီ ဖြစ်ပါတယ်။