မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရိုင်ယန်ဂစ်ကတော့ ကလပ်အသင်း တစ်ကျော့ပြန် အောင်မြင်ဖို့ ဦးစားပေးရမယ့် ကိစ္စအား ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ် နားပေါက်အောင် သုံးသပ်ပြလာပါတယ်။

ဗြိတိန်ဘီလျံနာက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၉% ကို ပိုင်လာခဲ့ပါပြီ။ သူဟာ သူ့ရဲ့ ဩဇာကို အသုံးပြုပြီး မန်စီးတီးအသင်းမှ Omar Berrada ကို ခေါ်ယူကာ ကလပ်ရဲ့ CEO အဖြစ် ကြေညာခဲ့ပါတယ်။

CEO သစ်ရဲ့ ပထမဆုံး ခြေလှမ်းတွေ စတင်လာရာမှာ အားကစားဒါရိုက်တာသစ်အပြင် ယူနိုက်တက်အတွက် သရဲနီစိတ်ဓါတ်အပြည့်ဖြင့် ပေးဆပ်မယ့် ကစားသမားတွေကို ခေါ်ယူရေးတွေ ပါဝင်လာဖို့ ရှိနေပါတယ်။

ရိုင်ယန်ဂစ်ကတော့ ‘ အခြားသူတွေလိုပဲ ကုန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်အတွင်းက ယူနိုက်တက်ရဲ့ ပုံစံတွေကို ကျနော်လည်း စိတ်ပျက်မိပါတယ်။

ဘယ်သူကမှ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေကို မသိပါဘူး။ နောက်တစ်ကြိမ် ပြန်စတင်ဖို့ လိုပါတယ်။ ထိပ်ဆုံးကနေ ပြန်စတင်ရမှာပါ။ ကျနော်တို့က လုံးဝကို မတည်ငြိမ် ဖြစ်နေခဲ့ပြီး ဘာဖြစ်နေတယ်ဆိုတာလည်း မသိကြပါဘူး။

ကျနော်တို့ ပြောင်းလဲရမှာ တစ်ခုတော့ ရှိပါတယ်။ အဲ့တာကတော့ ကလပ်ရဲ့ ယဉ်ကျေးမှုကိုပါပဲ။ ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လိုပါတယ်၊ ယူနိုက်တက်အတွက် ပွဲတွေ အနိုင်ယူပေးဖို့ ဘာမဆိုလုပ်မယ့် ကစားသမားတွေ ခေါ်ယူရပါမယ်။

ဒီကြားကာလမှာ ကျနော်တို့ လုပ်ရမှာက ယူနိုက်တက်အတွက်ဆိုတဲ့ ကစားသမားတွေကို အသင်းထံ ကျနော်တို့ ဆွဲခေါ်လာဖို့ပါပဲ ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။