ပရီးမီးယားလိဂ်ကလပ် များစွာက ခေါ်ယူလိုနေပေမယ့်လို့ ဘင်ဖီကာအသင်းဟာ ဂျာအို နီဗက်စ်နဲ့ အန်တိုနီယို ဆေးဗားတို့ကို ဇန်နဝါရီမှာ လက်လွတ်ခံသွားမှာ မဟုတ်ပါဘူး။
နယူးကာဆယ်အသင်းဟာ ညာအစွန်လူ ထရစ်ပီယာကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချသွားဖို့ အစီအစဥ် မရှိဘူးလို့ သိရပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ မန်စီးတီး ကွင်းလယ် ကစားသမား ကယ်ဗင် ဖိလစ်ကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေပြီး အခြေအနေ ကောင်းနေတယ် လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တို တိုက်စစ်မှုး အီဗန်နင်ဆန် ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဘရာဇီးသားရဲ့ ခြေစွမ်းကို ဂန်းနားတို့က အတော် သဘောကျနေပြီး ၎င်းရဲ့ ဈေးကွက် ပေါက်ဈေးက ယူရို ၇၅ သန်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ မန်စီးတီးကနေ အငှားခေါ်ယူထားတဲ့ ကန်ဆယ်လိုနဲ့ အက်သလက်တီကိုကနေ ခေါ်ယူထားတဲ့ ဖီလစ်တို့ နှစ်ဦးလုံးကို အပြီးသတ် စာချုပ်တွေဖြင့် ခေါ်ယူလိုနေပါတယ်။
မာဆေးအသင်းဟာ အာဆင်နယ်ထံကနေ တာဘာရိစ်ကို ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကလည်း အပြီးသတ် စာချုပ်နဲ့ဆိုရင် ကစားသမားကို ရောင်းချလိုနေပါတယ်။
ယူနိုက်တက်ဟာ အသင်းမှာ အဆင်မပြေတဲ့ တိုက်စစ်သမား ဆန်ချိုနဲ့ အန်တိုနီ တို့ အား ဆော်ဒီပရိုလိဂ် ကလပ်တွေထံ ရောင်းချ ငွေဖော်လိုနေပါတယ်။ သရဲနီတွေဟာ ထို ကစားသမားတွေ အတွက် တစ်ယောက် ပေါင် သန်း ၅ဝ စီ ရဖို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့ နွေကမှ ဆော်ဒီကလပ် အယ် ဟီလယ် အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မီလင်ကိုဗစ် ဆာဗစ် ကလည်း ဒီဇန်နဝါရီမှာတင် အသင်းပြောင်းလိုနေပါတယ်။ ဆာဗစ်ဟာ အသင်းဖော်ဟောင်းနဲ့ လေဆိပ်မှာ တွေ့စဉ် လာဇီယို သို့ ပြန်လာချင်ကြောင်း ပြောခဲ့တယ် လို့ သိရပါတယ်။
မန်စီးတီး တိုက်စစ်မှုး ဟာလန်း ဟာ ဒဏ်ရာကနေ သက်သာလာပြီး ထရိန်နင် ပြန် ဆင်းနေပါပြီ။ ဒါပေမယ့် သောကြာနေ့ စပါးနဲ့ ကစားရမယ့် အက်ဖ်အေပွဲကိုတော့ ဟာလန်း ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။
အစွန် နောက်ခံလူ ဝမ်ဘစ်ဆာကာ ကို ခေါ်ယူဖို့ အင်တာမီလန် အသင်းက ချဉ်းကပ်လာပေမယ့် မန်ချက်စတာ ယူနိုက်တက် က ပယ်ချလိုက်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ် ခံစစ်သမား ကာဆီမီရို ကို အသင်းနဲ့ စာချုပ် နှစ်နှစ် ကျန်နေသေးသည့်တိုင် နွေမှာ ရောင်းမထွက်ခဲ့ရင် လျော်ကြေးပေးကာ စာချုပ်ဖျက်သိမ်းဖို့ထိ စဉ်းစားနေပါတယ်။