လီဗာပူးလ်အသင်းဟာ ခရိုအေးရှားသား ဗဟိုခံစစ်မှူး ဒီဂျန် လိုဗရန်ကို အေစီမီလန်အသင်းက ခေါ်ယူလိုနေတာကြောင်း တန်ကြေး သတ်မှတ်ပေးလိုက်ပြီလို သိရပါတယ်။

လိုဗရန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာအချို့ ရှိခဲ့တာကြောင့် အသင်းကြီးမှာ ပုံမှန်နေရာမရခဲ့ဘဲ မာတစ်၊ ဂျိုး ဂိုးမက်စ်တို့ကို နေရာ ဖယ်ပေးခဲ့ရကာ ပွဲကစားချိန် လျော့နည်းခဲ့ပါတယ်။ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ လိုဗရန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲ(၁၆)ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။

ဒီတလောမှာတော့ အေစီမီလန်အသင်းက လိုဗရန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၄င်းတို့ရဲ့ အားကစားဒါရိုက်တာသစ် ဖရက်ဒရစ်မက်ဆာက စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

လီဗာပူးလ်ရဲ့ အရောင်းပေါ်လစီဟာ ပြီးခဲ့တဲ့ ရာသီလောက်မှာ ပြောင်းလဲသွားခဲ့ပြီး ကော်တင်ညို၊ ဆိုလန်ကီ အစရှိတဲ့ ကစားသမားတွေကို အပြီးသတ် ရောင်းချခဲ့ရာမှာ အသားတင်အမြတ်တွေ မြောက်မြားစွာ ရရှိခဲ့ပါတယ်။ လီဗာပူးလ်ဟာ လိုဗရန်အတွက်လည်း ဆောက်သမ်တန် ကနေ ခေါ်ယူခဲ့တဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း အတိုင်း အေစီမီလန်အသင်းထံကနေ ရရှိသွားလိုတယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းဘက်မှာတော့ လိုဗရန်အတွက် ပေါင် (၂၅)သန်းအထိ အသုံးပြုသွားဖို့ကို စဉ်းစားရခက်တဲ့ အခြေအနေကို ရောက်ရှိ နေပါတယ်။

လီဗာပူး ခံစစ်မှူး လိုဗရန်ကို ခေါ်ယူဖို့ အေစီမီလန်ဘက်က စိတ်ဝင်စားမှု ပြသထားသော်လည်း အသင်းထံ တရားဝင် ကမ်းလှမ်းရသေးခြင်း မရှိသလို ကစားသမားကိုလည်း ချိတ်ဆက်ထားခြင်း လုံးဝ မရှိသေးဘူးလို့ သိရပါတယ်။ အေစီမီလန်ဟာ နည်းပြ ဂတ်တူဆိုနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဒီအပြောင်းအရွှေ့မှာ အပြောင်းအလဲတွေများစွာ ပြုလုပ်သွားရဖို့ ရှိနေတာပါ။