Deloitte Football Money League ကတော့ ၂၀၂၃ ခုနှစ်အတွက် ဥရောပတလွှားက ထိပ်တန်းအသင်းတွေရဲ့ ဝင်ငွေစာရင်းကို ထုတ်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီး၊ ယူနိုက်တက်နဲ့ လီဗာပူးတို့ အားလုံး အဆင့်ကျဆင်းသွားပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းကတော့ ထိပ်ဆုံး အသင်း ၂၀ ထဲမှာ အဆိုးရွားဆုံး ကျဆင်းမှုအဖြစ် နံပါတ် ၇ နေရာထိ ရောက်ရှိသွားပါတယ်။

လီဗာပူးအသင်းဟာ ဝင်ငွေပိုင်းမှာ မနှစ်ကရခဲ့တဲ့ ပေါင် ၅၉၄.၃ သန်းထက် အနည်းငယ်ပဲ ကျဆင်းပြီး ပေါင် ၅၉၃.၈ သန်း ရရှိခဲ့တာပါ။ ဒါပေမယ့်လို့ ကွင်းတွင်း စွမ်းဆောင်ရည်တွေနဲ့အတူ အဆင့် ၃ ကနေ အဆင့် ၇ ထိကို ရောက်ရှိသွားပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ကလည်း အဆင့် ၁ ဆင့်စီ ကျဆင်းသွားပေမယ့် ဝင်ငွေပိုင်းမှာတော့ မြင့်တက်လာခဲ့ကြပါတယ်။ အထူးသဖြင့် ဖလား ၃ လုံးပိုင်ရှင် မန်စီးတီးဟာ ဝင်ငွေ ၁၃% ထိ တိုးတက်ခဲ့ကာ ပေါင် ၇၁၈.၂ သန်းထိ ဝင်ငွေ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာတော့ ယူနိုက်တက်က ဒုတိယမြောက် ဝင်ငွေ အများဆုံးအဖြစ် ပေါင် ၆၄၈.၅ သန်း ဝင်ငွေရှိခဲ့တယ်။

ကြီး ၆ ကြီး ကလပ်တွေထဲမှာတော့ စပါး (ပေါင် ၅၄၉.၂ သန်း)၊ ချယ်ဆီး (ပေါင် ၅၁၂.၅ သန်း)၊ အာဆင်နယ် (ပေါင် ၄၆၃.၁ သန်း) တို့ပဲ ဖြစ်ကြပါတယ်။