မန်ချက်စတာ ယူနိုက်တက်ဟာ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူခွင့်ရှိပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခကို ပေးချေလိုခြင်း မရှိတာကြောင့် ပယ်ချလိုက်ပါတယ်။
ချယ်ဆီး ကြယ်ပွင့်တွေဖြစ်တဲ့ အန်ကွန်ကူနဲ့ ဂူစတိုတို့ဟာ ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းလာနေတာကြောင့် မကြာခင်မှာပဲ ပြန်ပြီး ပွဲထွက်ပေးနိုင်ဖွယ်ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဂါနာ ကြယ်ပွင့် အော်စမန်ကို ပေါင် ၁၆ သန်းဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ချယ်ဆီးအသင်းဟာ စျေးကွက် နောက်ဆုံးအပတ်မှာ အက်စတွန်ဗီလာ တိုက်စစ်မှူး ဒူရန်ကို ခေါ်ယူဖို့ အလျင်စလို ကြိုးစားလာဖွယ် ရှိနေပါတယ်။
ဂလေဇာတို့က ယူနိုက်တက်မှာ ဆာဂျင်ရက်ကလစ်တို့ရဲ့ Ineos အဖွဲ့ အင်အားချဲ့လာမှုကို ခွင့်ပြုထားပြီး မကြာခင်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုပ်ပိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။
အာမီရွန်ကတော့ ဇန်နဝါရီမှာ ကမ်းလှမ်းခံရမှုတွေ ရှိနေပေမယ့်လို့ နယူးကာဆယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လာပါတယ်။
ချန်ပီယံရှစ်ကလပ်တွေဟာ လီဗာပူး လူငယ် ခံစစ်မှူးတွေဖြစ်ကြတဲ့ နက်ဖီးလစ်နဲ့ ကယ်ဗင် ရမ်ဆေးတို့အား အငှားခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။
ဝေါ်ကာနေရာ အစားထိုးဖို့ ရိစ်ဂျိမ်းကို ချိန်ရွယ်နေတဲ့ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးဖို့ ချယ်ဆီးတို့ စဉ်းစားနေပါတယ်။
မာရှယ် ဒဏ်ရာရသွားခဲ့တာကြောင့် အပြောင်းအရွှေ့ နောက်ဆုံး အပတ်မှာ ပြင်သစ်သားကို ရောင်းထုတ်ဖို့ ကြိုးစားလိုတဲ့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ပါပြီ။
လီဗာပူးအသင်းဟာ နွေမှာ ခံစစ်မှူး မာတစ်နေရာ အစားထိုးမှု ပြုလုပ်မှာဖြစ်ကာ ပဲလေစ့်ခံစစ်မှူး ဂူဟီက အရေးကြီး ပစ်မှတ်ထဲ ပါဝင်နေပါတယ်။
စပါးအသင်းဟာ လိုဆယ်ဆိုအတွက် ဘာစီလိုနာထံက ကမ်းလှမ်းမှု ရရှိခြင်း မရှိသေးပါဘူး။ အာဂျင်တီးနားသားကို အငှားထက်စာရင် ရောင်းချဖို့ပဲ စပါးတို့ စိတ်အားထက်သန်နေပါတယ်။
ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ စိတ်ဝင်စားနေကြပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။