ဒီသီတင်းပတ် အကုန်မှာတော့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ဒီအပတ် အက်ဖ်အေဖလား ပွဲစဉ်တွေ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

Chelsea v Aston Villa

ဒီ ဖလားပြိုင်ပွဲတွေဟာ ချယ်ဆီး အသင်း အတွက် ဒီရာသီကို အဖတ်ဆယ်စရာ နည်းလမ်း တစ်ခု ဖြစ်နေပါတယ်။ သူတို့က ကာရာဘောင်းဖလားပွဲမှာလည်း မစ်ဒယ်ဘရော့ ကို အနိုင်ကန်ပြီး ဗိုလ်လုပွဲ တက်ထားပြီးပါပြီ။

အဘက်ဘက်က တွေးကြည့်တဲ့ အခါ ချယ်ဆီးပဲ ဒီပွဲ အသာရသွားမယ် ထင်မိပါတယ်။ ဒါပေမယ့် ဒီရာသီ ချယ်ဆီးပွဲတွေ ခန့်မှန်းတိုင်း မှားတာ များနေတော့ ပြောတော့ မပြောတတ်ဘူးပေါ့။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 အက်စတွန်ဗီလာ

Tottenham v Manchester City

ကျွန်တော် စပါးအသင်းကို အတော်ကြီး စာနာမိပါတယ်။ စီးတီးဘက်မှာ ဒီဘရိုင်း ပြန်ပါလာသလို ဟာလန်းလည်း ပါဝင်နိုင်ခြေ ရှိပေမယ့် သူတို့ဘက်မှာ ဆွန်ဟောင်မင်ကို အာရှဖလားပွဲ အတွက် လက်လွှတ်ထားရတယ်။ ဒီပွဲက ဒီအဆင့်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲ ဖြစ်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ စပါး 2-3 မန်စီးတီး

Liverpool v Norwich

သမိုင်းစာအုပ်တွေကို လှန်ကြည့်မယ် ဆိုရင် အန်းဖီးမှာ နောဝစ်ချ် နောက်ဆုံးနိုင်ခဲ့တာ နှစ် ၃ဝ ကြာခဲ့ပါပြီ။ ကျွန်တော် အဲဒီပွဲ (နောဝစ်ချ်ဘက်က)မှာ ပါဝင် ကစားခဲ့ပါတယ်။

နောဝစ်ချ်ကို အဲဒီလို နိုင်ပွဲရတာမျိုး မြင်ချင်မိပေမယ့် ဒီ တနင်္ဂနွေနေ့မှာ အဲဒီလို ဖြစ်လာဖို့ကတော့ ခဲယဉ်းပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 4-0 နောဝစ်ချ်

Newport County v Man Utd

ကျနော်ကတော့ ယူနို်က်တက်နဲ့ ပတ်သက်ပြီး အကောင်းမြင်ပါတယ်။ Newport အတွက်တော့ သူတို့က အင်အားကြီးလွန်းနေတာမို့ ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ကျနော်ကတော့ ယူနိုက်တက်တို့ clean sheet ပါ ရမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ နယူးပို႔ 0-3 မန်ယူနိုက်တက်

အခြားပွဲစဉ်များအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Bournemouth 2-0 Swansea
Bristol City 1-0 Nottingham Forest
Sheffield Wednesday 1-1 Coventry City
Ipswich Town 3-0 Maidstone United
Everton 1-0 Luton Town
Leeds 2-0 Plymouth
Leicester City 3-1 Birmingham City
Sheff Utd 1-2 Brighton
Fulham 2-1 Newcastle United
West Brom 1-2 Wolves
Watford 1-1 Southampton