ဂွာဒီယိုလာကတော့ ယူနိုက်တက် စီအီးအိုသစ် ဖြစ်လာတဲ့ ဘယ်ရာဒါ တာ အိုးထရတ်ဖိုဒ့်ကလပ်ကို အပြောင်းအလဲကြီး လုပ်ပေးနိုင်ရင် ကွင်းထဲက ပွဲကြည့်စင် တစ်ခုကို သူ့နာမည်ပေးပြီး ဂုဏ်ပြုလိုက်ဖို့ ခနဲ့သွားပါတယ်။

ယူနိုက်တက်ကို ၂၅% ပိုင်ဆိုင်လာတဲ့ ဆာဂျင်ရက်ကလစ်ဟာ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုတွေထဲက တစ်ခုအဖြစ် မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ ဘယ်ရာဒါ ကို ယူနိုက်တက်ထံ ပြောင်းလာဖို့ သွေးဆောင်နိုင်ခဲ့ပါတယ်။

အခုလို မန်ချက်စတာ မြို့ခံ ပြိုင်ဘက်အသင်းထံ ကလပ်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးအား လက်လွတ်ရတာကို ဂွာဒီယိုလာက သဘောမကျပါဘူး။

‘ သူ့ကို (ဘယ်ရာဒါ) ခေါ်ယူလိုက်လို့ အားလုံးကို ဖြေရှင်းနိုင်မလား၊ အလုပ်ဖြစ်နိုင်မလား ကျနော် မသိပါဘူး။ ’ လို့ စပါးပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ဂွာဒီယိုလာက ပြောပါတယ်။

‘ ယူနိုက်တက်ကတော့ ဒီလူက ကိစ္စတွေ အားလုံးကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာ ဖြစ်မှာပေါ့။ မင်းတို့ကို ဂုဏ်ပြုပါတယ်။ အဲ့လို ဖြစ်လာခဲ့ရင် ကွင်းပွဲကြည့်စင် တစ်ခုကို ဘယ်ရာဒါ နာမည်ပေးပြီး ဂုဏ်ပြုလိုက်ပါ။ သူနဲ့ ထိုက်တန်ပါတယ် ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက စပိန်သားကြီး မန်ယူနိုက်တက်မှာ အောင်မြင်ပါစေလို့တော့ အဆုံးမှာ ဆုတောင်းပေးခဲ့သေးတာ ဖြစ်ပါတယ်။