လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ်ကတော့ လက်ရှိ ၂၀၂၃-၂၄ ဘောလုံးရာသီ အကုန်မှာ လက်ရှိ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်တော့မှာ ဖြစ်ကြောင်း ဒီညနေမှာပဲ တရားဝင် အသိပေး ကြေညာလိုက်ပါတယ်။

လီဗာပူးကနေ ထွက်ခွာဖို့ အခုလို ဆုံးဖြတ်ချက်ချဖြစ်တဲ့ အကြောင်းကို ကလော့ပ်က လီဗာပူး ဝက်ဘ်ဆိုဒ်ကနေ အခုလို ဖွင့်ဟခဲ့ပါတယ်။

ကလော့ပ်က ” သေချာတာ တစ်ခုက ကျွန်တော် အင်္ဂလန်မှာ တခြား ကလပ် အသင်း တစ်သင်းသင်းကို ဘယ်တော့မှ နည်းပြမှာ မဟုတ်ပါဘူး၊ ၁ဝဝ ရာခိုင်နှုန်း သေချာပါတယ်။ ဒါလုံးဝ မဖြစ်နိုင်တော့ပါဘူး။

ဒီကလပ်အသင်း အပေါ် ထားတဲ့ ကျွန်တော့ ချစ်ခြင်း၊ ပရိသတ်တွေ အပေါ် ထားတဲ့ လေးစားမှုက သိပ်ကြီးမားပါတယ်။ ဒါကြောင့် ကျွန်တော် မလုပ်နိုင်ပါဘူး။ ဒီအတွက်ကတော့ တစ်စက္ကန့်တောင် စဉ်းစားစရာ မလိုဘူး။ ဘယ် အင်္ဂလန် ကလပ်အသင်းကိုမှ နည်းပြ မလုပ်ဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၅၆ နှစ် ရှိပြီ ဖြစ်တဲ့ ဂျာမန်သား နည်းပြကြီးဟာ ရာသီကုန်ပြီးရင် ၈နှစ်ခွဲ ကြာခဲ့တဲ့ လီဗာပူးနည်းပြ ဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လိဂ်ကို ပြန်လာတော့မှာ မဟုတ်ကြောင်း သေချာလေး ထုတ်ပြောခဲ့ပါတယ်။

” နောက်နှစ်တော့ ဘာတာဝန်မှ မယူဘဲ (ကလပ် နိုင်ငံ ဘယ်အသင်းမှ မကိုင်) အနားယူဦးမယ်။ သေချာတာကတော့ နောက်ထပ် ဘယ် အင်္ဂလန်ကလပ်ကိုမှ နည်းပြ မလုပ်ပါဘူး၊ စားစရာ မရှိရင် နေပါစေ လုံးဝ မကိုင်တွယ်ပါဘူး ” လို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။