တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ သောကြာနေ့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေး မတိုင်ခင်မှာ ပါတီတက်ကဲနေခဲ့ကာ မန်ချက်စတာထံ ပြန်ရောက်ချိန်မှာတော့ ဖျားနေကြောင်း ခွင့်တိုင်ကာ လေ့ကျင့်ရေး ပျက်ကွယ်ခဲ့ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ရက်ဖိုဒ့်ဟာ မြောက်အိုင်ယာလန်မှာ nightclub ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး မန်ချက်စတာကို သီးသန့် လေကြောင်းဖြင့် ပြန်ရောက်လာခဲ့တယ်။ ဒါပေမယ့် လေ့ကျင့်ရေး ပြန်ဝင်ဖို့ရာ နေမကောင်းဘူးလို့ အသင်းကို အကြောင်းကြားခဲ့တာပါ။
ရက်ဖိုဒ့်ဟာ မြောက်အိုင်ယာလန်ကို မသွားခင်မှာ ယူနိုက်တက်ရဲ့ အသင်းလိုက် လေ့ကျင့်ရေးကို ပါဝင်မှု လုပ်ထားခဲ့ပါတယ်။ ကြားရက်မှာ သူဟာ ပါတီတွေတက်ဖို့ မြောက်အိုင်ယာလန်ကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်ကလည်း Newport County အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေပွဲ အကြိုမှာ ရက်ဖိုဒ့်ဖျားနေကြောင်း မီဒီယာတွေ့ဆုံမှုကနေ ထုတ်ဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရက်ဖိုဒ့်ရဲ့ ဘားတွေမှာ ပျော်ပါးနေတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့တာကြောင့် တိုက်စစ်မှူးက ခွင့်တိုင်မှုဟာ ပြောစရာတွေဖြစ်လာခဲ့ပါတယ်။
တန်ဟက်ဟာ ကစားသမားတွေအပေါ် စည်းကမ်း တင်းကြပ်စွာ ကိုင်တွယ်မှုတွေ ရှိနေပြီး မကြာသေးခင်ကပဲ သူ့ရဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ ဆန်ချိုဟာ ပထမအသင်းကနေ ဖယ်ထုတ် ခံခဲ့ရပါတယ်။
ရက်ဖိုဒ့်ရဲ့ ဖြစ်ရပ်ကြောင့် ဒုတိယ ဆန်ချို အခြေအနေ ဖြစ်လာမလား မေးခွန်းထုတ်လာမှု ရှိနေပေမယ့် လက်တလောမှာ The Athletic ရဲ့ ဆက်သွယ် မေးမြန်းမှုကို ယူနိုက်တက်ကော ရက်ဖိုဒ့်ပါ မှတ်ချက်တွေပေးဖို့ ငြင်းဆန်ထားကြတယ်။