ဒီမနက်က အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ၅-၃ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မီဒီယာတွေ့ဆုံမှုမှာ ဘာစီလိုနာ နည်းပြဇာဗီက သူရာထူးကနေ နှုတ်ထွက်တော့မယ့် သတင်းကို ကြေညာခဲ့တာပါ။

အသက် ၄၄ နှစ်အရွယ် ဘာစီလိုနာ နည်းပြဟာ ကလပ်ရဲ့ ဂန္တဝင်ဖြစ်ပေမယ့် ဒီရာသီမှာ အတော်လေး ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ဝေဖန်မှုတွေဟာ သူ့တင် မဟုတ်ဘဲ သူ့ရဲ့ မိသားစုဝင်တွေကိုပါ ထိခိုက်လာစေတာကြောင့် ဇာဗီဟာ ရှေ့ဆက်ဖို့ အင်အား မရှိတော့ပါဘူး။

ဒီမနက် အင်တာဗျူးမှာ ဇာဗီကပဲ ဘာစီလိုနာမှာ မန်ချက်စတာ ယူနိုက်တက်ကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုး ဘယ်တော့မှ ထွက်ပေါ် မလာနိုင်ဘူးလို့လည်း သတိပေးခဲ့ပါသေးတယ်။

ဇာဗီက ” ဘာစီလိုနာကို နည်းပြရတဲ့ ခံစားချက်က ပျော်ဖို့မကောင်းပါဘူး။ တကယ်ကို ရက်စက်ပါတယ်။ သူတို့တွေက ကိုယ့်ကို လေးစားမှုလည်း မရှိဘူးလို့ ခံစားရတယ်။

ကိုယ် လုပ်သမျှအတွက် တန်ဖိုးထားကြတာလည်း မရှိတော့ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ခံစားရပါတယ်။ ကျနော်က အကောင်းမြင်တဲ့သူ ဖြစ်တာတောင် ရှေ့ဆက်ဖို့ရာ ခွန်အားတွေ မရှိတော့သလို ခံစားရတယ်။

ကျနော်တို့ အပြောင်းအလဲကြီးတွေ ပြုလုပ်ဖို့လိုပါတယ်။ မင်းတို့ မေးသလို ဘာစီလိုနာအတွက် ဘာကာ ဖာဂူဆန် (ဆာအဲလက်စ်) လို နည်းပြမျိုး ပေါ်ထွက်လာဖို့က မဖြစ်နိုင်ပါဘူး။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။