ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ လန်ဒန်ကလပ် ပဲလေစ့်အသင်း တိုက်စစ်သမားကို ခေါ်ယူဖို့ အပြိုင်ဖြစ်နေကြပါတယ်။

ကလပ်နှစ်သင်းလုံးက တိုက်စစ်သမား အိုလစ်ကို ခေါ်ယူလိုနေကာ ကစားသမားကိုယ်တိုင်က ချယ်ဆီးထက် ယူနိုက်တက်ထံ ပိုပြီး ပြောင်းရွှေ့လိုနေပါတယ်။ အိုလစ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရီးဒင်းအသင်းကနေ ပဲလေစ့်ကို ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

အတိတ်မှုတုန်းက အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားကို ခေါ်ယူဖို့ အာဆင်နယ်၊ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားမှု ပြသထားဖူးပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းက မန်စီးတီးထံ ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ပဲလေစ့်က သူ့ကို ရအောင် ဆက်ထိန်းသွားခဲ့ပါတယ်။

တိုက်စစ်အားသန် ကွင်းလယ်လူဟာ မနှစ်ကရာသီမှာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ်ထိ လုပ်နိုင်ခဲ့ခြင်းနဲ့အတူ သူ့ရဲ့ အရည်အချင်းကို ထိပ်သီးကလပ်တွေက သတိပြုမိလာနေပါတယ်။

ထူးခြားမှုကတော့ အိုလစ်ဟာ ချယ်ဆီးအကယ်ဒမီမှာ ၇ နှစ်ကြာ နေသွားခဲ့သူဖြစ်ကာ မန်စီးတီး အကယ်ဒမီမှာ ၃ နှစ် ထပ်မံ ပညာသင်ယူခဲ့ပါတယ်။ အဲ့နောက်မှ သူက ရီးဒင်းအသင်းထံ ရောက်ရှိခဲ့ပြီး လက်ရှိ ပဲလေစ့်ကို ရောက်လာတာပါ။

ကစားသမားဘဝ တိုးတက်မှုတွေအတွက် နောက်ထပ် ကလပ်ကို နွေမှာ ရွေးချယ်ဖို့ အိုလစ်က ရည်ရွယ်ထားပြီး သူ့အတွက် ပြောင်းရွှေ့ကြေးဟာ မနှစ်ကလို ပေါင် ၃၅ သန်းနဲ့ ရဖွယ် မရှိတော့ပါဘူး။