မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အက်ဖ်အေဖလားပွဲစဉ်အဖြစ် လိဂ်တူးကလပ် နယူးပို့တ် ကောင်တီ အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၂ ဖြင့် အနိုင်ရခဲ့ပြီး ပဉ္စမအဆင့်ထံ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၈ဝ အကျော် ကွင်းထဲမှာ ထူးခြားတဲ့ ဖြစ်ရပ် မြင်ခဲ့ရပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းဟာ သူ့ကို ဘောလုံး မပေးကြတဲ့ အသင်းဖော်တွေအား ပေါက်ကွဲပြီး ဂါနာချိုအား ဘောလုံးပေးဖို့ လှမ်းအော်ဟစ်ကာ ပေါ်တင်ပဲ ချဲခဲ့တာပါ။

ဒီပွဲမှာ နည်းပြတန်ဟက်ဟာ တိုက်စစ်မှာ ဂါနာချို၊ အန်တိုနီတို့နဲ့ ဟွိုင်လန်းကို တွဲပေးထားခဲ့တာပါ။ တိုက်စစ်မှုး ဖြစ်တဲ့ ဟွိုင်လန်း တစ်ယောက် ဧရိယာထဲမှာ သူပြေးလွှားပြီး နေရာလွတ် ရှာပေမယ့်လို့ တောင်ပံက ကစားနေတဲ့ အသင်းဖော် ဂနာချိုက သူ့ထံ ဘောလုံးမပေးတာကြောင့် အော်ဟစ် ပေါက်ကွဲခဲ့ရတာပါ။

ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၆၈ မိနစ်မှာ အန်တိုနီက လုရှော ပိတ်သွင်းလို့ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ကန်သွင်း အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၈၀ လောက်မှာတော့ ဘယ်တောင်ပံကနေ တိုက်စစ်ဆင်လာပြီး အတွင်းကို ဘောလုံး ချိုးမပေးတဲ့ ဂနာချိုအား ဟွိုင်လန်း ပေါက်ကွဲ အော်ဟစ်မှု ဖြစ်ပွားခဲ့တာပါ။

ဒီပွဲမှာ ဂနာချိုဟာ တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေပြီး ဟွိုင်လန်းက ဘေးနားက အကူအညီတွေ မရဘဲ ကိုယ်တိုင် ဘောလုံးဆင်းဆယ်တာ၊ ဖြတ်တင်ဘော ဝင်လုပ်ပေးတာမျိုးတွေနဲ့ ကစားနေခဲ့ရပါတယ်။

မိနစ် ၉၀ ကျော်မှာ ဟွိုင်လန်း ဂိုးရခဲ့ပြီး ဒီဂိုးကလည်း လွယ်လွယ်ကူကူ သွင်းနိုင်ခဲ့တာ မဟုတ်ဘဲ ပြိုင်ဘက်ဂိုးသမား ကာကွယ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို လုယူ ပိတ်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်အဆင့်မှာတော့ Bristol City နဲ့ Nottingham Forest အတွဲက အနိုင်ရလာမယ့် အသင်းနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။