လက်ရှိ နွေမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ နည်းပြ ဆာရီ ရဲ့ နေရာ အစားထိုးမယ့် ချယ်ဆီး နည်းပြလောင်းစာရင်းထဲ လိုက်ပ်ဇစ် နည်းပြ ရန်နစ်ခ် ပါဝင်လာတယ်လို့ သိရပါတယ်။

ဆာရီဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ ကြာခဲ့ပြီးနောက် အီတလီသို့ ပြန်သွားရန် ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှု ရထားခဲ့ပြီလို့ သတင်းများ ထွက်ထားပါတယ်။

ဆာရီသည် တွင် တစ်နှစ်အကြာ ဖြတ်သန်းခဲ့ပြီးနောက် အီတလီသို့ ပြန်ရန် သဘောတူညီမှုများရရှိထားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဘက်ကလည်း ဆာရီနေရာအတွက် လမ်းပတ် အပြင် ဂျူဗင်တပ်အသင်းမှ ထွက်လာတဲ့ နည်းပြအယ်လီဂရီ နှင့် အေဂျက်နည်းပြ တန်ဟတ် တို့ကိုလည်း ခေါ်ယူမယ့် သတင်းများ ရှိနေပါတယ်။

အခုတခါ ချယ်ဆီးဟာ လိုက်ပ်ဇစ်နည်းပြ ရန်းနစ် ကို စိတ်ဝင်စားနေတယ်လို့ ဂျာမန်သတင်းများမှာ ဖော်ပြလာခဲ့တာပါ။ ယခုနွေမှ လိုက်ပ်ဇစ် အသင်းကနေ ထွက်ခွာသွားတဲ့ အသက် ၆၀ အရွယ်နည်းပြကြီးကို အဲဗာတန်အသင်းကလည်း ခေါ်ယူလိုနေပါတယ်။

ရန်နစ်ဟာ လိုက်ပ်ဇစ် ကို ပြီးခဲ့တဲ့ ရာသီက ဘွန်ဒါလီဂါ အမှတ်ပေးဇယားတွင် အဆင့် ၃ နေရာ ၀င်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားပြီး ဂျာမန်ဖလား မှာလည်း ဗိုလ်လုပွဲထိ ရောက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးလို့သာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

၎င်းက ရှော်လ်ကေး နှင့် ဟော့ဖန်ဟိမ်းအသင်းတို့ကိုလည်း နည်းပြခဲ့ပါတယ်။ ရန်နစ်ဟာ ဘရာဇီးကလပ် Bragantino နဲ့ နယူးယောက် ရက်ဘူးလ်အသင်းတို့ နဲ့လည်း သတင်းများထွက်ပေါ်နေသူပါ။

ချယ်လ်ဆီးဟာ အသင်း ဂန္တ၀င်ကစားသမား လမ်းပတ်နဲ့လည်း အစောပိုင်းပြောဆိုထားမှုများရှိခဲ့ပြီး လမ်းပတ်လည်း စတန်းဖိုဒ့်ဘရစ်ခ်ျသို့ ပြန်လာနိုင်ဖွယ် ရှိပါတယ်။