ဒီတပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင် ကစားပြီ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ သူ့ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို အခုလို ဖော်ပြထားပါတယ်။

Nottingham Forest vs Arsenal

အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် title race ထဲမှာ ဆက်ရှိချင်ရင် ပွဲတွေ ဆက်နိုင်နေမှ ရမှာပါ။ ဒီပွဲ ပြီးရင် သူတို့က အမ်းမရိတ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်။ ဒီနှစ်ပွဲကနေ ၆ မှတ် ရရင် သူတို့ နိုင်နိုင်တဲ့ ပွဲတွေဆီ ရောက်သွားမှာပါ။

ဖောရက်စ်က ကစားပုံ အဆိုးဝါးဆုံး အသင်း မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ် ကပ်နိုင်မယ်လို့ ကျွန်တော် ထင်ထားတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ ဖောရက်စ် ၁-၂ အာဆင်နယ်။

Manchester City vs Burnley

ဂိုးရလဒ်ကို ကောက်ရွေးကြည့်လိုက်ကြဗျာ.. ဘာမဆို ဖြစ်လာနိုင်တယ်။ မန်ချက်စတာ စီးတီးကတော့ ဒီပွဲမှာ သေချာပေါက် အောင်ပွဲခံမှာပဲ။ ဘန်လေအနေနဲ့ လုပ်ရမှာက အရုပ်ဆိုး အကျည်းတန်လောက်တဲ့ထိ မဖြစ်ဖို့ပဲ။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ စီးတီး ၄-ဝ ဘန်လေ

Liverpool vs Chelsea

လီဗာပူးတို့ ဆက်ပြီး အနိုင်ရမယ်ဆိုရင်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ရင်ဆိုင်ပြီး ရမှတ် ၆ မှတ် ရမယ်ဆိုရင် သူတို့ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုမှာ အခြေအနေ ကောင်းမွန်သွားပါမယ်။

လီဗာပူးတို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ လီဗာပူးက နည်းနည်းတော့ အသာစီးရမယ် ထင်မိတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-1 Chelsea

Wolves vs Manchester United

ဒီပွဲကို ဝုဗ်နိုင်မယ်ဆိုရင် အမှတ်ပေးဇယားမှာ ယူနိုက်တက်ရဲ့ အထက်က ရပ်တည်သွားမှာပါ။ ကျနော်ကတော့ ဒီပွဲကို ဝုဗ်ပဲ နိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်း မျှော်လင့်ချက်က ဒီပွဲအပြီးမှာ လုံးဝ ရပ်တန့်သွားမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Wolves 2-1 Man United

အခြားပွဲစဉ်များ အတွက် ပေါမာဆန်ရဲ့ ခန့်မှန်း ရလဒ်များ

Luton Town 2-1 Brighton

Fulham 0-1 Everton

Crystal Palace 2-0 Sheffield United

Aston Villa 2-0 Newcastle United

Tottenham 3-1 Brentford

West Ham United 2-2 Bournemouth