ဒီကြားရက်မှာ ပြန်လည် စတင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
Nottingham Forest v Arsenal
မီခေးလ် အာတီတာ ရဲ့ အသင်းဟာ သူတို့ စခန်းသွင်း လေ့ကျင့်ရေးကနေ အကျိုးအမြတ်တော့ ရှိမှာပါ။ နောက်ပြီး စိတ်သစ် လူသစ်လည်း ဖြစ်လာပါမယ်။ ဒါက ဒီပွဲမှာ ကျွန်တော် ဂန်းနားတွေကို အလေးသာပေးချင်တဲ့ အကြောင်း တစ်ချက် ဖြစ်ပါတယ်။
ဖောရက်စ်က တန်းဆင်းဇုန် အထက် ၄ မှတ်လောက်ပဲ ရှိနေတယ်။ ဒီပွဲကနေ တစ်ခုခု ထွက်လာဖို့ လိုနေပေမယ့် ဘာမှတော့ ရသွားဖွယ် မရှိဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ နော်တင်ဟမ် ဖောရက်စ် ဝ-၂ အာဆင်နယ်။
Man City v Burnley
မန်စီးတီး နောက်ခံလူဟောင်း ဗင်းဆင့် ကွန်ပနီကတော့ ဘန်လေအသင်းနဲ့ အတူ ပြန်လာချိန်မှာ အီတီဟက်မှာ ကောင်းမွန်တဲ့ ကြိုဆိုမှု လက်ခံရရှိမှာပါ။ ဒါပေမယ့် ပွဲကတော့ သူ ဘာအခွင့်အရေးမှ ရယူသွားနိုင်မယ်လို့ မထင်ဘူး။ စီးတီးတို့ သက်တောင့်သက်သာ နိုင်သွားမှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-ဝ ဘန်လေ
Liverpool v Chelsea
ပိုချက်တီနိုရဲ့ အသင်းထံက ဘာတွေရနိုင်မလဲ အခုချိန်ထိ မှန်းဆရ ခက်ခဲနေဆဲပါ။ သူတို့က လီဗာပူးကို ဒုက္ခ ပေးနိုင်ပေမယ့် ကျနော်ကတော့ လီဗာပူးပဲ နိုင်မယ် ထင်ပါတယ်။ အကျိတ်အနယ်တော့ ရှိပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-1 ချယ်ဆီး
Wolves v Man Utd
ယူနိုက်တက်က ကောင်တာပိုင်း ကောင်းပါတယ်။ ဝုဗ်ကကျ ဟန်ချက်ညီတယ်။ ယူနိုက်တက်က ဝုဗ်ကို ကောင်တာကနေ သိပ်ပြီး အားထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဂယ်ရီ အိုနေးရဲ့ အသင်းက အနိုင်ယူဖို့ ခက်ခဲပါတယ်။ ကျနော်ကတော့ သရေပွဲဖြစ်မယ် ထင်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝုဗ် 1-1 မန်ယူနိုက်တက်
အခြားပွဲစဉ်များအတွက် ဆက်တန် ခန့်မှန်းရလဒ်များ
Fulham 1-1 Everton
Luton 1-2 Brighton
Crystal Palace 1-0 Sheff Utd
Aston Villa 3-1 Newcastle
Tottenham 2-1 Brentford
West Ham 1-1 Bournemouth