လီဗာပူးအသင်းဟာ မိုက်ကယ် အတ်ဝပ်ကို အကြီးတန် အရာရှိ ရာထူးအတွက် ပြန်လည် ချဉ်းကပ်မှုဟာ ပယ်ချခံရတယ်လို့ သတင်းထွက်လာပါတယ်။

ဘောလုံးလောကရဲ့ ဉာဏ်ကြီးရှင်တွေထဲက တစ်ဦးလို့ တင်စားခံထားရတဲ့ အတ်ဝပ်ဟာ ယာဂင်ကလော့ပ်၊ မိုက်ဂေါ်ဒန်တို့နဲ့ လက်တွဲပြီး လီဗာပူးအသင်း ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ် ထိပ်တန်းနေရာ ပြန်တက်နိုင်ရေး ကြိုးစားပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

၂၀၂၂ မှာ လီဗာပူးကနေ သူ ထွက်ခွာသွားခဲ့တဲ့နောက် ဂျူလီယန်ဝတ်၊ ဂျော့ရှမတ်ကီတို့ဖြင့် အစားထိုးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနွေကျရင် အားကစား ဒါရိုက်တာ ရာထူးက လစ်လပ်နေတော့မှာပါ။

လီဗာပူးအသင်းဟာ ရာထူးတွေကို ပြန်လည် နေရာချရာမှာ အခုချိန်ထိ ကလပ်အသင်းသစ် မရသေးတဲ့ အတ်ဝပ်ကို စည်းရုံးမှု လုပ်ခဲ့တာလို့ သိရတယ်။ ဒါပေမယ့် အတ်ဝပ်ကတော့ လီဗာပူးမှ မဟုတ်ဘဲ ဘယ်အသင်းထံမှ ဒါရိုက်တာ ရာထူးနဲ့ ပြန်မလုပ်လိုတော့ပါဘူး။

အတ်ဝပ်ဟာ လက်ရှိမှာတော့ လီဗာပူးအသင်းရဲ့ သုတေသန ဒါရိုက်တာဟောင်း အိုင်ရမ် ဂရေဟမ်နဲ့ ပူးတွဲပြီး ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ထားကာ ကလပ်တွေအတွက် လေ့လာစိစစ်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။