မန်ချက်စတာ ယူနိုက်တက်ဟာ နွေကျရင် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး အခြားသော နည်းပြ တစ်ဦးဖြင့် အစားထိုးနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နယ်သာလန်သားဟာ အိုးထရတ်ဖိုဒ့်မှာ ဖိအားတွေ စတင်ရရှိနေတာပါ။ ဒီရာသီကုန်ထိ တန်ဟက်ကို ဆက်လက် နေရာပေးထားမယ်ဆိုပေမယ့် ရာသီကုန်ရင် INEOS အဖွဲ့က အပြောင်းအလဲတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။

တန်ဟက်ရဲ့ စာချုပ်က ၁၈ လပဲ ကျန်ရှိတော့တာဖြစ်ကာ လီဗာပူး၊ ဘာစီလိုနာနည်းပြ ယူနိုက်တက်ကလည်း နွေကျရင် နည်းပြသစ် ခန့်အပ်ဖွယ် ရှိလာနေတယ်။

ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဘာစီလိုနာ ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ သောမက်စ် တူချယ်ကို တန်ဟက်နေရာ အစားထိုးဖို့ သဘောကျနေပါတယ်။ တူချယ်ဟာ ဘိုင်ယန်မှာ အဆင်မပြေဖြစ်နေပြီး ရာသီကုန်ရင် ထုတ်ပယ်ခံရမယ် သတင်းထွက်နေတာပါ။

တူချယ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရလာခဲ့ရင် ကြိုးစားကြည့်ဖို့ ယူနိုက်တက် ရှယ်ယာရှင်တွေဖြစ်တဲ့ INEOS က ဆန္ဒရှိပါတယ်။

ချယ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဂျာမာန်နည်းပြဟာ လာလီဂါထံ သွားဖို့ထက် အင်္ဂလန်ကို ပြန်လာလိုနေပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ပြဖို့ စိတ်ဝင်စားမှု ရှိနေမယ်လို့လည်း ယူနိုက်တက်ဘက်က ယူဆနေတာ ဖြစ်ပါတယ်။