ဘာစီလိုနာဟာ အကြွေး ယူရို ၁ ဘီလျံလောက် တင်ရှိနေပြီး ယူအီးအက်ဖ်အေ စည်းမျဉ်းနဲ့ ညိနေသလို ဒီနွေမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နောက်ဆုံးလတွေအကြောင်းကို မှတ်တမ်း ရုပ်ရှင် ရိုက်ကူးနေကာ ရာသီကုန်ရင် ထုတ်လွှင့်မယ်လို့ ကြေညာပါတယ်။
ချယ်ဆီးအသင်းက ပေါင် ၂၅ သန်း တောင်းဆိုတာကြောင့် ဖူလ်ဟမ်၊ ပဲလေစ့်နဲ့ ဖောရက်စ်တို့ဟာ ခံစစ်သမား ချာလိုဘတ်ကို ခေါ်ယူဖို့အား နောက်ဆုတ်ခဲ့ကြပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေ ကိစ္စတွေ စတင်လာတဲ့ ရက်ဖိုဒ့်ကို နွေမှာ ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း ကြိုးစားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။
လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ရာထူးအတွက် ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ဘုန်းမောက်အသင်းတွေမှ ဒါရိုက်တာတွေကို ချိန်ရွယ်နေပါတယ်။
ဘရန့်ဖိုဒ့် ကစားသမား ဘန်ရာမာကို ခေါ်ယူဖို့ လိုင်ယန်အသင်းက သဘောတူညီမှု ရခဲ့ပါပြီ။ ကနဦး အငှားဖြစ်ကာ ရာသီကုန်မှာ ယူရို ၁၅ သန်းဖြင့် ခေါ်ယူခွင့် ပါဝင်ပါမယ်။
ဘာစီလိုနာဟာ နည်းပြဇာဗီနေရာ အစားထိုးဖို့ ပေါ်တူဂီလူမျိုး နည်းပြမော်ရင်ညိုနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။
အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင် နယူးကာဆယ်အသင်းဟာ ဘုန်းမောက်အသင်း တိုက်စစ်မှူး ဆိုလန်ကီကို ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။
ဟာလန်းဟာ တစ်ဦးချင်း ဆုဖလားတွေ အောင်မြင်လိုတယ်ဆိုရင် အင်္ဂလန်မှာ ဆက်မနေဘဲ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းလာဖို့ စည်းရုံးခံနေရပါတယ်။