ပထမပိုင်းမှာ ပင်နယ်တီရသင့်တဲ့ ဖြစ်ရပ်ကို ချယ်ဆီးတို့ မရခဲ့ဘူးလို့ ထောက်ပြနေကြတာတွေဟာ ဆင်ခြေတွေပဲဖြစ်ပြီး အဲ့တာတွေက စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို မကုစားနိုင်ပါဘူးလို့ ပိုချက်တီနိုက ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းက ၄-၁ ဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ဂါလယ်ဂါနဲ့ ဗန်ဒိုက် ဖြစ်ရပ်ဟာ ပင်နယ်တီ ပေးလို့ရပါတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာတာပါ။
ပိုချက်တီနိုက “ ဆင်ခြေတွေ ပေးနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့တာပါ။ လီဗာပူးတို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ သူတို့က ကျနော်တို့ထက် ပိုကောင်းခဲ့တာပါ။
ကျနော်တို့ လိုချင်တဲ့အတိုင်း မကစားနိုင်ဘူး။ ဒီလိုပွဲမျိုးမှာ လီဗာပူးအသင်းကို ကောင်းခဲ့ပါတယ်လို့ ချီးကျူးဖို့ပဲ ရှိပါတော့တယ်။ ကာရာဘောင်း ဖိုင်နယ်ကျရင် တူညီတဲ့ ပုံစံ မဖြစ်လာဖို့ လိုပါတယ်။
ဖိုင်နယ်မှာလည်း ဒီလို ခြေစွမ်းနဲ့ပဲ ကစားနေဦးမယ်ဆိုရင် ကျနော်တို့ ရှုံးဦးမှာပါပဲ။ ကျနော်တို့က ဆုဖလားတွေကို ပုံမှန် စိန်ခေါ်လေ့ရှိတဲ့ ထိပ်တန်း အသင်းကောင်းကို ရင်ဆိုင်ဖို့ ကြိုးစားနေရတာပါ ” လို့ ထုတ်ပြောသွားပါတယ်။
ဒီလထဲမှာပဲ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဝင်ဘာလေမှာ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရမှာပါ။ ဘောလုံးရာသီတစ်ခုမှာ ပထမဆုံး အောင်မြင်နိုင်မယ့် ဆုဖလားကို နှစ်သင်းလုံးက အောင်မြင်လိုနေကြတာ ဖြစ်ပါတယ်။