အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာကက် ရက်ဖိုဒ့်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။

ယူနိုက်တက်မှာ ရက်ဖိုဒ့်ရဲ့ အခြေအနေတွေကို အာဆင်နယ်အသင်း အနီးကပ် စောင့်ကြည့်နေကြောင်း သူတို့ရဲ့ သတင်းပေးထံကနေ သိထားရတယ်လို့ Football Insider က ဖော်ပြလာတယ်။

အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်တည်းက ရက်ဖိုဒ့်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ မဖြစ်မြောက်ခဲ့တဲ့ အပြောင်းအရွှေ့ကို ဒီတစ်ကြိမ်မှာ ပြန်လည် စတင်လိုလာတာပါ။

ရက်ဖိုဒ့်ဟာ ကလပ်ရဲ့ ကျဆင်းမှုတွေကို စိတ်ပျက်နေတာကြောင့် ဘောလုံးအပေါ် စိတ်ဝင်စားမှု အားနည်းပြီး အပျော်ဘက်ကို ဦးတည်တာတွေရှိနေပါတယ်။

ကာရင်တန် လေ့ကျင့်ရေးကို နောက်ကျခဲ့တာကြောင့် လောလောလတ်လတ်မှာ ၂ ပတ် လုပ်ခကို ဒဏ်ကြေးအဖြစ် ပေးဆောင်ထားရသူ ဖြစ်ပါတယ်။

ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်နဲ့အတူ သွေးသစ်လောင်းလိုတဲ့ ယူနိုက်တက်က ရက်ဖိုဒ့်အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရင် လက်ခံလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်ဟာ အတ်ကတ်တီးရားနဲ့ ဂျေးဆုတို့ရဲ့ နေရာကို တိုက်စစ်မှူး တစ်ဦးနဲ့ အားဖြည့်လိုနေကာ နွေမှာတော့ ရက်ဖိုဒ့်ကို ခေါ်ယူနိုင်မလား အားစမ်းဖွယ် ရှိလာနေပါပြီ။