ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဝုဗ်တို့ရဲ့ ပွဲစဉ်ကတော့ သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ရောက်ချိန်ထိတိုင် ဂိုးတွေ မြင်ခဲ့ရကာ ယူနိုက်တက်က ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုး မြန်မြန်ဆန်ဆန် ရယူခဲ့သလို ဟွိုင်လန်းရဲ့ သွင်းဂိုး လူမကျွံခဲ့ရင် ၃ ဂိုးပြတ်နေခဲ့မှာပါ။ ဒုတိယပိုင်းမှာ ဝုဗ်ဘက်က ပင်နယ်တီကနေ ခြေပဂိုး ယူခဲ့ပေမယ့် ယူနိုက်တက်ကလည်း ဦးဆောင်ဂိုးကို ခပ်မြန်မြန် ပြန်ယူခဲ့ပါတယ်။
ပွဲချိန် ၈၅ မိနစ်အထိ ဝုဗ်တို့ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမဲ့ အဲ့နောက်ပိုင်း ၃-၃ ရလဒ် ဖြစ်တဲ့ထိ ချေပဂိုးများ ရယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ အသက် ၁၈ နှစ်အရွယ်ရှိ မိုင်နိုးရဲ့ အနိုင်ဂိုးကြောင့် ဝုဗ်ကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
မိုင်နိုးဟာ ပွဲချိန် ၉၆ မိနစ်မှာ မိုင်နိုးရဲ့ တစ်ကိုယ်တော် အစွမ်းဖြင့် ရရှိတဲ့ ဂိုးကြောင့် ဒီပွဲကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မိုင်နိုးထံက သိပ်ကောင်းတဲ့ တိုက်စစ်လိုက်ပါမှုဖြစ်ခဲ့သလို သူ့ရဲ့ အလားအလာကိုလည်း ပြသနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်က အကောင်းဆုံးကစားပြီး ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် အိုနာနာကို ယုံကြည်လို့မရဘဲ ခံစစ်ကဂိုးတွေပြန်ပေးခဲ့ရတာကြောင့် အသည်းအသန် ကစားရမှုတွေ ရှိခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ အဝေးကွင်း ၄ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ် လိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာသို့ တက်လှမ်းလာပါတယ်။