မနှစ်ကရာသီ အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့ နီးစပ်ခဲ့တာအတွက်နဲ့တော့ အာတီတာရဲ့ အသင်းကို ထိပ်တန်းအသင်းအဖြစ် မြင်ပေးလို့ မရပါဘူးလို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျိုးကိုလ်းက ထုတ်ပြောလာပါတယ်။

Vibe with Five ထံ တက်ရောက်ပြီး သုံးသပ်ဆွေးနွေးရာမှာ ဂျိုးကိုလ်းက ထိပ်တန်းအသင်းတွေလို့ ခေါ်ဆိုခြင်း ခံနိုင်ဖို့ဟာ ဆုဖလား အောင်မြင်ဖို့ လိုအပ်ကြောင်းကို ထည့်ပြောခဲ့တာပါ။

ကစားသမားဘဝ ပရီးမီးယားလိဂ် ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ် အောင်မြင်ခဲ့တဲ့ ကိုလ်းက အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် မအောင်မြင်သေးတဲ့ ကွက်လပ်ကို ထောက်ပြခဲ့ပါတယ်။

ဂျိုးကိုးလ်က ” အာဆင်နယ်က ထိပ်တန်းအသင်း မဟုတ်ပါဘူး။ ဘာတစ်ခုမှ အနိုင်မရပါဘဲ ဘယ်လိုလုပ်ပြီး ထိပ်တန်းအသင်းအဖြစ် မြင်ပေးနိုင်မှာလဲ?” ဆိုပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ခရစ္စမတ်ကာလ ပရီးမီးယားလိဂ်ကို ဦးဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဇယားထိပ်က လီဗာပူးနောက် ၅ မှတ် ပြတ်နေခဲ့တာ ဖြစ်ပါတယ်။