ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘောလုံးပွဲ သုံးသပ်ဆရာကြီး ပေါမာဆန်ကတော့ အခုလို ကြိုတင် ခန့်မှန်း သုံးသပ်ချက်တွေ ထုတ်လာပြီ ဖြစ်ပါတယ်။

Manchester United vs West Ham United

ဝက်စ်ဟမ်းကတော့ မန်ချက်စတာ ယူနိုက်တက်ကို ကောင်တာ တိုက်စစ်ကနေ ခံစားသွားရအောင် လုပ်ဖို့ ရည်မှန်းလာမှာပါ။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ပွဲတွေ ခန့်မှန်းရတာ မုန်းပါတယ်။ ဒါပေမယ် ဒီပွဲမှာတော့ အိမ်ကွင်း အားသာချက်ကြောင့် သူတို့ နိုင်သွားမယ်လို့ ထင်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 2-1 West Ham United

Chelsea vs Wolves

ချယ်ဆီးက လီဗာပူးနဲ့ပွဲမှာ အတော်ကြီး အခြေဆိုးခဲ့တာပါ။ ချယ်ဆီး ကွင်းလယ်က လီဗာပူးနဲ့ အတွေ့မှာ လုံးဝ စုတ်ပြတ်နေတာပဲ၊ ရှက်စရာတောင် ကောင်းနေပါတယ်။

ဒီလို ပြောပေမယ့် ချယ်ဆီးရဲ့ အိမ်ကွင်းပုံစံ က ဒီတလော လတွေ အတွင်း တိုးတက်လာပါတယ်။ သူတို့ ဒီပွဲကို ၂-၁ လောက်နဲ့ နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 2-1 Wolves

Arsenal vs Liverpool

ချယ်ဆီးကို လီဗာပူးတို့ ဖြိုခွင်းတဲ့ပွဲ မတိုင်ခင် ဒီပွဲ အာဆင်နယ်တို့ နိုင်မယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ချယ်ဆီးကို လီဗာပူးတို့ မယုံနိုင်စရာ ခြေစွမ်းနဲ့ အနိုင်ရတာကို မြင်တဲ့နောက် ကျနော်ရဲ့ အမြင်က ပြောင်းလဲသွားပါပြီ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 2-2 Liverpool

Brentford vs Manchester City

ဘရန့်ဖိုဒ့်ရဲ့ ပွဲတွေက သိပ်ကြပ်လွန်းပါတယ်။ အဲ့တာ သူတို့အတွက် မကောင်းပါဘူး။ သူတို့က တန်းဆင်းဇုန် တိုက်ပွဲကြား ဆွဲချခံနေရတယ်။ ဒီဘရိုင်းနဲ့ ဟာလန်းတို့ ပြန်သက်သာလာနေတာကြောင့် မန်စီးတီးအတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်သင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brentford 1-3 Manchester City

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Everton 2-2 Tottenham Hotspur
Brighton 2-2 Crystal Palace
Newcastle United 3-1 Luton Town
Burnley 2-0 Fulham
Sheffield United 1-3 Aston Villa
Bournemouth 2-0 Nottingham Forest