ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က အခုလို ကြိုတင် ခန့်မှန်း သုံးသပ်ချက်တွေ ထုတ်လာပြီ ဖြစ်ပါတယ်။

Manchester United vs West Ham United

ယူနိုက်တက်က ဒီပွဲမှာ ရလဒ် လိုပါမယ်။ အထူးသဖြင့် သူတို့ အိမ်ကွင်းမှာ ရှုံးပွဲတွေ အများကြီး ရင်ဆိုင်ထားရတာမို့ ဒီပွဲ အနိုင်ရဖို့ လိုပါမယ်။ ကွင်းပြင်မှာ သူတို့အပေါ် စိတ်ဝင်စားခြင်း ခံနေရမှုတွေကို ဖယ်ရှားပြီး ဒီပွဲကို အနိုင်ရမယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ManUnited 3-1 West Ham

Chelsea vs Wolves

ချယ်ဆီးက ခန့်မှန်းရ မလွယ်ပါဘူး။ တခါတလေ သူတို့ ကစားတာ သိပ်ကောင်းတယ် ဒါကလည်း သူတို့မှာ ကစားသမားကောင်းတွေ ရှိလို့ပါပဲ။ ဒါပေမယ့် ဒီလို အိမ်ကွင်းပွဲမှာတော့ ချယ်ဆီးတို့ အနိုင်ရဖို့ အခွင့်အရေး ရှိပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Chelsea 1-0 Wolves

Arsenal vs Liverpool

ဒီအပတ်ရဲ့ အကောင်းဆုံးပွဲပဲ။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအပေါ် သက်ရောက်မှု ရှိသွားနိုင်တယ်။ ကျနော် မျက်လုံးထဲမှာတော့ ဒီနှစ်သင်းက ခြေတူပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဖျော်ဖြေမှုပေးနိုင်စွမ်းရှိတဲ့ သရေပွဲဖြစ်သွားမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Arsenal 2-2 Liverpool

Brentford vs Manchester City

ဘရန့်ဖိုဒ့်က အသင်းတွေကို အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် စီးတီးတို့ ရှုံးမှာ မဟုတ်ပါဘူး။ သရေဆိုရင်တောင် မန်စီးတီးတို့အတွက် စိတ်ပျက်စရာ ရလဒ် ဖြစ်လာပါလိမ့်မယ်။ ကျနော်ကတော့ စီးတီးပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Brentford 0-2 Manchester City

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

Everton 1-1 Tottenham Hotspur
Brighton 2-1 Crystal Palace
Newcastle United 2-0 Luton Town
Burnley 1-1 Fulham
Sheffield United 1-1 Aston Villa
Bournemouth 1-1 Nottingham Forest