အာဆင်နယ် vs လီဗာပူးတို့ ထိပ်တိုက်တွေ့မှု ပါဝင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ်ခန့်မှန်းများ ထွက်လာပါပြီ။

Manchester United vs West Ham United

ယူနိုက်တက်တို့ ကြားရက်တုန်းက နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့အတူ ဝုဗ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အဲ့တာက သူတို့အတွက် ကောင်းမွန်တဲ့ နိုင်ပွဲဖြစ်သလို ဒီပွဲကို အနိုင်ရဖို့ ယူနိုက်တက်တို့ နည်းလမ်း ရှာနိုင်မှာဖြစ်ပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ ManUnited 1-0 West Ham

Chelsea vs Wolves

ကြားရက်က လီဗာပူးကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲမှာ ချယ်ဆီးတို့ တုန့်ပြန်ပြဖို့ လိုအပ်ပါတယ်။ ချယ်ဆီးက တောင့်တင်းဆဲဖြစ်ပြီး တစ်ပတ်နဲ့ တစ်ပတ် ဘာရလဒ်ထွက်မလဲ မှန်းဆဖို့ ခက်ခဲပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Chelsea 1-1 Wolves

Arsenal vs Liverpool

ဒီပွဲကို အာဆင်နယ် အနိုင်ရမယ်လို့ လုံးဝကြီးတော့ မသေချာပါဘူး။ လီဗာပူးကလည်း ဂိုးသွင်းမှာပါ။ ဒါပေမယ့် အာဆင်နယ်က ရမှတ်တွေ လိုနေတာကြောင့် ဒီပွဲကို အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Arsenal 2-1 Liverpool

Brentford vs Manchester City

မနှစ်ကရာသီ နှစ်ကျော့လုံးကို ဘရန့်ဖိုဒ့်က အနိုင်ရခဲ့ပါတယ်။ ဒီအခြေအနေမှာ ဂွာဒီယိုလာရဲ့ အသင်းက ထိရောက်မှုတွေ သိပ်ကောင်းနေတယ်။ ဘရန့်ဖိုဒ့်ဘက်က ကြိုးစားမယ် ဆိုပေမယ့် အလုပ်ဖြစ်မယ်တော့ မထင်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Brentford 1-3 Manchester City

အခြားပွဲစဉ်များအတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Everton 2-2 Tottenham Hotspur
Brighton 2-1 Crystal Palace
Newcastle United 3-1 Luton Town
Burnley 1-1 Fulham
Sheffield United 1-2 Aston Villa
Bournemouth 2-1 Nottingham Forest