ရာသီကုန်မှာ ဘာစီလိုနာကနေ နည်းပြဇာဗီ ထွက်ခွာမှာ ဖြစ်ပေမယ့်လို့ ကက်တလန်ကလပ်ဟာ နည်းပြသစ် ရှာဖွေနေဆဲဖြစ်ပါတယ်။
ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာကတော့ နည်းပြသစ် ခန့်အပ်ရေးကို နည်းစနစ်ဒါရိုက်တာ ဒေကိုက ဦးဆောင် ရွေးချယ်မှာဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။
” ကျနော် အခြား ဘယ်နည်းပြနဲ့မှ စကားမပြောရသေးပါဘူး။ နည်းပြသစ် ခန့်အပ်ရေးက ဒေကိုရဲ့ တာဝန်ဖြစ်ပါတယ်။ ကျနော်တို့မှာ ရွေးချယ်စရာ အကန့်အသတ် ရှိနေပေမယ့် ဒီကိစ္စက ဒေကိုကိုပဲ မေးရမှာပါ။
မာကွက်စ် (ဘာစီလိုနာ ဘီအသင်းနည်းပြ) ကလည်း ဖြစ်လာနိုင်ချေ ရှိပါတယ်။ သူကလည်း သူ့တာဝန်ကို အကောင်းဆုံး ရယူထားသူဖြစ်ပါတယ်။ ” လို့ ထုတ်ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြဟောင်း ဂွာဒီယိုလာကို ဇာဗီနေရာ အစားထိုးဖို့ ခေါ်ယူလိုနေကြောင်း သတင်းထွက်ထားတာ ရှိပါတယ်။ လာပေါ်တာကတော့ ဘာနေဗျူးကို ဂွာဒီယိုလာ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ကြောင်း အတည်ပြုပါတယ်။
” ပက်ဂွာဒီယိုလာက မန်စီးတီးနဲ့ စာချုပ်ရှိထားပါတယ်။ သူက အဆိုပါ စာချုပ်ကို လေးစားလိုနေပါတယ်။ ကျနော် သူနဲ့ စကားပြောပြီးပါပြီ။ မန်စီးတီးမှာ သူ အဆင်ပြေနေပါတယ် ” လို့ ဘာစီလိုနာ ဥက္ကဋ္ဌက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။