ပရီးမီးယားလိဂ် ရာသီသစ်အတွက် ပွဲစဉ်ဇယားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အသင်းတိုင်းရဲ့ အဖွင့်ပွဲတွေက ဘယ်လိုတွေ စိတ်လှုပ်ရှားစေမယ်ဆိုတာကို စကားပြောမှုတွေ ထွက်နေပါတယ်။

လီဗာပူးက နော်ဝစ်ကို အိမ်ကွင်းမှာ ဧည့်ခံခြင်းနဲ့ ပရီးမီးယားလိဂ်ကို စဖွင့်မှာဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးကတော့ နှစ်ကြိမ်ဆက် အမှတ်ပေးဖလားကို ကာကွယ်ဖို့ ပထမဆုံးပွဲအဖြစ် ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ပထမအပတ်မှာတင် မန်ယူဟာ ပြိုင်ဘက် အသင်းကောင်းဖြစ်တဲ့ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမယ့် ပွဲကောင်းကလည်း တနင်္ဂနွေနေ့ပွဲအဖြစ် ပါဝင်နေပါတယ်။ ထွက်ပေါ်လာတဲ့ ပွဲစဉ်ဇယားတွေအပေါ် မူတည်ပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်းရဲ့ ပထမဆုံး ၅ ပွဲ ခက်ခဲမှုတွေကို သုံးသပ်ရာမှာ မန်ယူက အခက်ခဲဆုံး အဖွင့်ပွဲတွေကို ရင်ဆိုင်ရတယ်လို့ ဖော်ပြလာကြတယ်။

ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံး ရာသီစပွဲကို ပိုင်ဆိုင်မှုတွေအား ထိပ်သီးအသင်းတွေကို အစဉ်လိုက် ဖော်ပြရမယ်ဆိုရင် မန်ယူက အခက်ခဲဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အဆိပ်ရှိတဲ့ အသင်းတွေကို ရာသီစမှာတင် ဆက်တိုက် တွေ့ဆုံရမယ်လို့ သိလာရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်ဆုံးအသင်းတွေရဲ့ အဖွင့်ပွဲ ခက်ခဲမှု အဆင့်ရပ်တည်ချက်

6. Man United; Chelsea (H), Wolves (A), Palace (H), Southampton (A), Leicester (H)

5. Arsenal; Newcastle (A), Burnley (H), Liverpool (A), Spurs (H), Watford (A).

4. Tottenham Hotspur; Aston Villa (H), Man City (A), Newcastle (H), Arsenal (A), Palace (H).

3. Chelsea; Man United (A), Leicester (H), Norwich (A), Sheffield United (H), Wolves (A).

2. Man City; West Ham (A), Spurs (H), Bournemouth (A), Brighton (H), Norwich (A).

1. Liverpool; Norwich (H), Southampton (A), Arsenal (H), Burnley (A), Newcastle (H).