ကလော့ပ်ရဲ့ ခေတ်တစ်ခု ကုန်ဆုံးချိန်မှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက ကစားသမား အချို့ကို ထွက်ခွာခွင့်ပေးပြီး ပြန်တည်ဆောက်မှုတွေ စတင်လာဖွယ် ရှိပါတယ်။
အသက် ၃၁ နှစ်အရွယ် မိုဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့မှာပါ။ မနှစ်က နွေမှာ သူ့ကို ဆော်ဒီကလပ် Al Ittihad အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ဖြင့် သွေးတိုးစမ်းခဲ့ပေမယ့် လီဗာပူးက ပယ်ချခဲ့ပါတယ်။
ဒါပေမယ့်လို့ Al Ittihad အသင်းဟာ ဆာလာအပေါ် မျှော်လင့်ချက်တွေ မလျော့သေးပါဘူး။
ဆော်ဒီကလပ် Al-Hilal အသင်းက မိုဆာလာကို ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ထပ်တိုးကြေး ယူရို သန်း ၅၀ ပါဝင်တဲ့ ကမ်းလှမ်းချက်ကို ဒီနွေမှာ ပေးပို့မယ်လို့ အသံထွက်လာနေပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ Al Ittihad ဟာ အာရပ်ကမ္ဘာရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ဆာလာကို ခေါ်ယူပြီး ရော်နယ်ဒို၊ နေမာတို့နဲ့ ပြိုင်ဆိုင်ရေး ပရီးမီးယားလိဂ် စံချိန်တင်ကြေး ယူရို ၂၃၅ သန်းထိ ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ပြောလာပါတယ်။
ကစားသမားဘဝ အကောင်းဆုံးနှစ်တွေ မကုန်ဆုံးသေးတဲ့ မိုဆာလာဟာ သူ့အနာဂတ်ကို နွေမှာ စဉ်းစားဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ကို ဆုံးရှုံးရခြင်းနဲ့အတူ မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ရဲ့ စာချုပ်ကိစ္စတွေကို တစ်ခုခု ဆုံးဖြတ်ရဖွယ်ရှိပြီး ကလပ်ဟာ အကယ်ဒမီထွက် ညာအစွန်လူ ထရန့်ကို ဆက်ထိန်းဖို့ကိုပဲ ဦးစားပေးဖွယ် ရှိနေပါတယ်။