မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တိုက်စစ်မှူး ဆန်ချိုကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Football Insider က ဖော်ပြလာပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ နည်းပြတန်ဟက်ထံက ယုံကြည်မှုတွေ မရတော့တာကြောင့် ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်ထံတို့ အငှားဖြင့် ပြန်လည် ထွက်ခွာသွားတာပါ။

ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဟာ ရာသီကုန်ရင် ဒေါ့မွန်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖွယ် မရှိပါဘူး။ ၂၀၂၁ ခုနှစ်တုန်းက သူတို့ ပေါင် ၇၃ သန်းဖြင့် ရောင်းချခဲ့တဲ့ ဆန်ချိုကို ပြန်လည် ဝယ်ယူရေး သဘောတူညီမှုရဖို့က သိပ်ကို ခက်ခဲပါတယ်လို့ ဒေါ့မွန် အားကစားဒါရိုက်တာ Sebastian Kehl က ဆိုပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀-၅၀ ကြား ရဖို့ မျှော်လင့်ထားပါတယ်။ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်ဟာ ယူနိုက်တက်မှာ ဆန်ချို ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ လောက်ကို ပေးချေရမှာ ဖြစ်ပါတယ်။