မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ကစားသမား ၄ ဦး ကို စာရင်းပြုလုပ်ထားပြီးလို့ သတင်းထွက်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာဂျင် ရက်ကလစ်ဖ် ရောက်လာမှုနဲ့အတူ နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ စတင်လုပ်ဆောင်လာခဲ့တာပါ။ ကလပ်ရဲ့ ပစ်မှတ်တွေအတွင်းမှာ ကစားသမားဘဝ နောက်ဆုံး စာချုပ်တွေအတွက် စဉ်းစားနေတဲ့ ကစားသမားတွေ ပါဝင်လာပါတယ်။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကစားသမား ကင်မစ်ချ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နွေရာသီမှာ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ်လည်း ဘိုင်ယန် စတားတစ်ဦးဖြစ်တဲ့ ၂၃ နှစ်အရွယ် အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကနေဒါသားဟာ စာချုပ်သက်တမ်းတမ်းဖို့ အဆင်မပြေခဲ့ရင် အသင်းကနေ ထွက်ခွာနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ နိုက်စ်စတား သူရမ်တို့လည်း ယူနိုက်တက်ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဒေးဗစ်ကတော့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မှာဖြစ်ပြီး လိုင်လီအတွက်တော့ ဒီရာသီ ၂၈ ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ်။
သူရမ်ကလည်း နိုက်စ်အသင်းရဲ့ အဓိက ကွင်းလယ်လူအဖြစ် ခြေစွမ်းပြနေပြီး အဆိုပါကလပ်ဟာ ဆာဂျင်မီပိုင်ဆိုင်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ယူနိုက်တက်တို့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။