ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က ချယ်ဆီးနဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တိုနေးကို ဒီနွေကျရင် ရောင်းထုတ်သွားမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချိတ်ဆက်မှု ပြုလုပ်ခဲ့ပေမယ့် စပိန်သားက ရာသီမကုန်ခင်ထိ လက်ရှိ ကလပ်အတွက်ပဲ အာရုံစိုက်လိုနေပါတယ်။

ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ခြင်းအတွက် ချယ်ဆီးခံစစ်မှူး သီယေဂိုရဲ့ ဇနီးဖြစ်သူက တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကင်မစ်နဲ့ အဖွန်ဆိုအပြင် အဲဗာတန်အသင်း ခံစစ်မှူး ဘရိတ်ဝိတ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေကာ နွေစျေးကွက်ကျရင် ခေါ်ယူလိုစိတ် ရှိနေပါတယ်။

အာဂျင်တီးနား ခံစစ်မှူး အန်ဇို ဖာနန်ဒက်စ်ဟာ ချယ်ဆီးအသင်းနဲ့ ၈ နှစ် စာချုပ် ချုပ်ဆိုထားမိတာကို နောင်တရနေပြီး လန်ဒန်ကနေ ထွက်ခွာလိုနေတယ်လို့ အသံထွက်လာပါတယ်။

မန်စီးတီးအသင်းဟာ စီးတီးဘောလုံးအဖွဲ့ဝင် ကလပ်ဖြစ်တဲ့ Troyes ကနေ ကစားသမားသစ် Savio ကို ခေါ်ယူမှုမှာ သူတို့ ပေးချေမယ့် ပြောင်းရွှေ့ကြေး အမှန်ကို ပရီးမီးယားလိဂ်ထံ သက်သေပြချက်နဲ့ တင်သွင်းရပါတော့မယ်။

တူရကီကလပ် ဂါလာတာစရေးက စိတ်ဝင်စားနေပေမယ့်လို့ ကွင်းလယ်လူ အဲရစ်ဆန်ဟာ ရာသီကုန်ထိ ယူနိုက်တက်မှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးကစားသမားတွေဟာ နည်းပြပိုချက်တီနိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ ကျင့်သုံးနေတဲ့ နည်းစနစ်တွေအပေါ် ကွန်ပလိ်န်းတက်မှု ပြုလုပ်ခဲ့ကြပါတယ်။

ဆော်ဒီ ထိပ်သီးကလပ် ၂ သင်းက လီဗာပူးတိုက်စစ်မှူး မိုဆာလာကို ပေါင် သန်း ၁၅၀၊ ပေါင် သန်း ၂၀၀ တို့ဖြင့် ချိတ်ဆက်ဖို့ အသီးသီး ပြင်ဆင်နေပါတယ်။