အက်စတွန်ဗီလာကို ၃-၁ ဖြင့် အနိုင်ရပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ထံ တက်ရောက်သွားပေမယ့်လို့ ပိုချက်တီနိုရဲ့ ချယ်ဆီး မန်နေဂျာ ထိုင်ခုံဟာ အာမခံချက် မရှိသေးပါဘူး။

ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာပဲ ရှိနေဆဲ ချယ်ဆီးအသင်းဟာ ရာသီကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာ မရခဲ့ရင် ပိုချက်တီနိုကို ထုတ်ပယ်ပြီး မန်နေဂျာသစ် တစ်ဦးဖြင့် အစားထိုးနိုင်ဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်း ပိုချက်တီနိုကို ရာထူးက ထုတ်ပယ်ရင်တောင် ပေးချေရမယ့် ပေါင် ၁၀ သန်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေး ကန့်သတ်ချက်နဲ့ ငြိစွန်းနေမှာကလည်း ကိစ္စတွေကို လွယ်လွယ်ကူကူ ဖြစ်မလာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ပါ။

သို့ပေမယ့်လို့ တော့ဘိုးလေ ဦးဆောင်တဲ့ ချယ်ဆီး တာဝန်ရှိသူတွေဟာ ပိုချက်တီနို နေရာ အစားထိုးဖို့ ဖြစ်လာခဲ့ရင် ဆိုတဲ့ အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှုတော့ ရှိနေပါတယ်။ နာမည်ကျော် စကိုင်းစပေါ့ သတင်းကတော့ ချယ်ဆီး မန်နေဂျာသစ် ဖြစ်လာနိုင်သူ ၁၀ ဦးကို အခုလို ဖော်ပြခဲ့ပါတယ်။

ချယ်ဆီး မန်နေဂျာသစ် ဖြစ်လာဖို့ ရေပန်းစားသူများ

  • ဒီဇာဘီ (၆/၁)
  • ဂျီရိုနာနည်းပြ ဆန်းချက်စ် (၈/၁)
  • မော်ရင်ညို (၉/၁)
  • အာမိုရင်း (၁၀/၁)
  • အလွန်ဆို (၁၀/၁)
  • ဒီဇန်း (၁၀/၁)
  • ဇာဗီ (၁၂/၁)
  • ဘရန်ဒန် ရော်ဂျာ (၁၆/၁)
  • လိုပတ်တီဂူ (၁၆/၁)
  • အစ်ဆွစ်တောင်းနည်းပြ ကီရန်မက်ကန်နာ (၁၆/၁)