မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ကို ပိုင်ဆိုင်ထားတဲ့ ဆာဂျင်ရက်ကလစ် ဦးဆောင်သော Ineos အဖွဲ့ကတော့ သမိုင်းဝင် ကွင်းဖြစ်တဲ့ အိုးထရတ်ဖိုဒ့်ကို စွန့်ခွာဖို့ ကြံရွယ်နေပါတယ်။
ရက်ကလစ်ဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကွင်းတစ်ခုကို တည်ဆောက်လိုနေပါတယ်။ ၎င်းကွင်းကိုတော့ ‘Wembley of the North’ လို့ ခေါ်ဆိုလောက်တဲ့ထိ ကွင်းကြီးတစ်ကွင်း ဖြစ်လာဖို့လည်း မျှော်လင့်နေပါတယ်။
အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ကွင်းဖြစ်တဲ့ ဝင်ဘာလေဟာ ပရိသတ် ၉၀၀၀၀ ဝင်ဆံ့ပြီး နိုင်ငံရဲ့ အကောင်းဆုံးကွင်းကြီးဖြစ်ပါတယ်။ ဒီလိုကွင်း တည်ဆောက်နိုင်ဖို့ ရက်ကလစ်က ဗြိတိန်အာဏာပိုင်တွေကို ဘဏ္ဍာရေး အကူအညီပေးဖို့လည်း တွန်းအားပေးမှာပါ။
ကွင်းသစ် စီမံကိန်းဟာ တရားဝင် မစတင်ရသေးသလို အိုးထရတ်ဖိုဒ့်လို့ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာရှိ သမိုင်းဝင်ကွင်းကနေ ထွက်ခွာရမှာက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းဟာ ၂၀၀၆ မှာ သမိုင်းဝင် ဟိုက်ဘူရီကွင်းကို စွန့်ခွာပြီး အမ်းမရိတ်ကွင်းထံ ပြောင်းပြီးတည်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု မရှိတော့တာဟာ ယနေ့ထိဖြစ်ပါတယ်။
ကွင်းသစ်တစ်ခုထံ ကူးပြောင်းတာက ရွေးချယ်စရာဖြစ်ပေမယ့် သမိုင်းဝင် အမွေအနှစ်တွေ ပါဝင်မလာနိုင်တော့ခြင်းကလည်း ယူနိုက်တက် ပရိသတ်တွေကြားမှာ ထောက်ပြမှုတွေ ရှိနေတာ ဖြစ်ပါတယ်။