ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေကြား ထိပ်တိုက်တွေ့မှု နည်းပါးပါတယ်။ ပွဲကောင်းအချို့ ပါဝင်နေဆဲ ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို ခန့်မှန်းထားပါတယ်။
Man City v Everton
စက်တင်ဘာ အကုန်ကတည်းက မန်စီးတီးတို့ ခံစစ်ပိုင်း ဂိုးမပေးရတာ ၁ ပွဲပဲ ရှိထားပါတယ်။ ဒီပွဲမှာတော့ သူတို့ clean sheet ရမှာပါ။ စီးတီးက သက်သောင့်သက်သာ နိုင်မှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ အဲဗာတန်
Liverpool v Burnley
ဆိုဘိုစလိုင်းက ဒဏ်ရာကြောင့် ၁ လလောက် အနားယူရမှာက ကလော့ပ်ရဲ့ အသင်းအတွက် အထိနာပါတယ်။ ဒါပေမယ့်လည်း သူတို့ ဘန်လေကိုတော့ အနိုင်ယူနိုင်ဆဲပါ။
လီဗာပူးတို့ ခြေချော်လို့ မရတော့ပါဘူး။ သူတို့ ခြေချော်မယ်လည်း မထင်ဘူး။ ဒီပွဲမှာ လီဗာပူးက ခပ်လွယ်လွယ်နဲ့ ပွဲကို အနိုင်ရသင့်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၄-၀ ဘန်လေ
West Ham v Arsenal
ဒီဇင်ဘာတုန်းက အမ်းမရိတ်မှာ အာဆင်နယ်ကို ဝက်စ်ဟမ်းတို့ အနိုင်ယူခဲ့ပါတယ်။ အာဆင်နယ်တို့ ခြေချော်လို့ မရတော့ပါဘူး။
၂၀၀၆-၂၀၀၇ ခုနှစ်တုန်းက ဝက်စ်ဟမ်းတို့ အာဆင်နယ်ကို ၂ ကျော့လုံး အနိုင်ရခဲ့တယ်။ အဲ့လို ထပ်လုပ်နိုင်ဖို့ဆိုရင် သူတို့ နှစ်အတန်ကြာ ထပ်စောင့်ရပါဦးမယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၀-၂ အာဆင်နယ်
Aston Villa v Man Utd
ဗီလာက အခုချိန်ထိတော့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကနေ မထွက်ရသေးပါဘူး။ သူတို့ တုန့်ပြန်ပြလာမယ် ထင်မိပါတယ်။ ယူနိုက်တက်တို့ ဂိုးသွင်းနိုင်မယ် ထင်ပေမယ့် ခံစစ်မှာ မာတီနက်စ် မကစားနိုင်တာ သူတို့အတွက် နစ်နာပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဗီလာ ၂-၁ ယူနိုက်တက်
Crystal Palace v Chelsea
အက်ဖ်အေဖလားမှာ ဗီလာကို ချယ်ဆီးတို့ အနိုင်ယူခဲ့ပြီး ဒီပွဲမှာလည်း ပဲလေစ့်ကို ဂိုးမပေးရဘဲ အနိုင်ယူနိုင်ပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၀-၁ ချယ်ဆီး
အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ
Fulham 2-1 Bournemouth
Luton 2-1 Sheff Utd
Tottenham 3-2 Brighton
Wolves 2-1 Brentford
Nott’m Forest 2-2 Newcastle