ဒီအပတ် အမှတ်ပေးပွဲစဉ်တွေအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလို ခန့်မှန်းထားပါတယ်။

Man City v Everton

မန်စီးတီးက အရည်အချင်း အပြည့်နဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဘောလုံးကို ကောင်းကောင်းကစားနေတယ်။ အဲဗာတန်က ရမှတ်လျော့ ပြစ်ဒဏ်ကြောင့် အထိနာနေဆဲဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ အဲဗာတန်

Liverpool v Burnley

ဘန်လေတို့ ရုန်းကန်နေရပြီး စွမ်းဆောင်ရည်တွေ မကောင်းတော့ ရလဒ်တွေ ထိခိုက်နေပါတယ်။ လီဗာပူးကတော့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကနေ တုန့်ပြန်ပြဖို့ လိုအပ်နေပါတယ်။ ကျနော်ကတော့ လီဗာပူး အနိုင်ပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဘန်လေ

West Ham v Arsenal

ဒီပွဲမှာ ဘယ်လို ဝက်စ်ဟမ်းအသင်းမျိုး မြင်ရမလဲ အပေါ် မူတည်ပါတယ်။ ခက်ခဲတဲ့ပွဲဆိုပေမယ့် ကျနော်ကတော့ အာဆင်နယ် နိုင်မယ့်ဘက်ကပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်

Aston Villa v Man Utd

ဂိုးများတဲ့ သရေပွဲဖြစ်သွားမှာပါ ဘာလို့လဲဆိုတော့ နှစ်သင်းလုံးမှာက ဂိုးသွင်း ဆာလောင်နေတဲ့ ကစားသမားတွေ ရှိနေကြတာပါ။ ဒီပွဲမှာ ဂိုးတွေမြင်ရမယ် ထင်ပါတယ်။ အနိုင်ရမယ် အသင်းတော့ ထွက်လာမယ် မထင်ပါဘူး။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဗီလာ ၂-၂ ယူနိုက်တက်

Crystal Palace v Chelsea

ချယ်ဆီးတို့ ဘယ်လိုအသင်းမျိုး ထုတ်လာမလဲ စောင့်ကြည့်ရပါမယ်။ ပဲလေစ့်ကလည်း ခန့်မှန်းဖို့ မလွယ်ကူဘူးဖြစ်နေတယ်။ ကျနော်ကတော့ ပဲလေစ့် အနိုင်ပဲ မြင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၂-၁ ချယ်ဆီး

အခြားပွဲစဉ်တွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

Fulham 2-1 Bournemouth
Luton 3-1 Sheffield
Tottenham 3-1 Brighton
Wolves 1-1 Brentford
Forest 2-1 Newcastle