အာဆင်နယ်အသင်းဟာ နွေစျေးကွက်အတွက် ပြင်ဆင်မှု လုပ်ဆောင်နေရာမှာ အက်သလက်တစ် ဘီဘာအို တောင်ပံသမား နီကိုး ဝီလီယမ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်ဟာ ဆာကာနေရာ အရန်အဖြစ်ကော တိုက်စစ်အင်အားကို ချဲ့ထွင်ဖို့ပါ ဝီလီယမ်ကို သဘောကျနေတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဝီလီယမ်ဟာ မနှစ်ကမှ ဘီဘာအိုနဲ့ စာချုပ်သစ် သက်တမ်းတိုးထားတာမို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားရင် စျေးပေါမှာတော့ မဟုတ်ပါဘူး။

အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် လူစာရင်း တစ်ခုကို ပြင်ဆင်နေတာဖြစ်ပြီး ကာလရှည် စောင့်ကြည့်ခဲ့တဲ့ ဝုဗ်အသင်းမှ နက်တိုကိုလည်း ခေါ်ယူနိုင်နေဆဲပါ။ အထောင်တိုက်စစ်အတွက်ကတော့ တိုနေးဖြစ်ပါတယ်။

ဒီကစားသမားတွေကို ခေါ်ယူဖို့ရာ ပါတေး၊ စမစ်ရိုးနဲ့ အန်ကန်တီးရားတို့ကို ရောင်းထုတ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ခံစစ်သမား တိုမီယာဆုကိုတော့ စျေးကောင်းမရပါဘဲ ရောင်းချမှု ပြုလုပ်သွားဖို့ မရှိပါဘူး။

တိုက်စစ်ကို အဓိက လူသစ်ခေါ်မယ့် အာဆင်နယ်ဟာ ကွင်းလယ်မှာ ပါတေးနေရာ အားဖြည့်ဖို့ ဆိုစီဒက်မှ ဇူဘီမန်ဒီကိုလည်း သဘောကျနေပါတယ်။

မနှစ်ကနွေမှာ ဒီကလန်ရိုက်စ်၊ တင်ဘာ၊ ဟာဗက်ဇ်တို့ကို ခေါ်ယူခဲ့ကာ အဓိက လူအင်အားကို စုဆောင်းနိုင်ခဲ့သလိုပဲ လာမယ့်နွေမှာလည်း အမာခံ အစုအဖွဲ့ကို ဆက်ထိန်းသွားဖို့ ရှိနေပါတယ်။