ဘွန်ဒက်လီဂါဖလား ယှဉ်ပြိုင်မှုမှာ အဓိကကျတဲ့ ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်ဟာ လေဗာကူဆင်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် ရှုံးနိမ့်သွားပါတယ်။
အင်္ဂလန်သား တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူရဲ့ ကစားသမားဘဝ အမှတ်ပေးဖလား အောင်မြင်ဖို့ရာ စိန်ခေါ်မှုကြီးကို ရင်ဆိုင်နေရပါပြီ။ လိဂ်သွင်းဂိုး ၂၄ ဂိုးထိ ရယူထားပေမယ့်လို့ ဘိုင်ယန်မြူးနစ်နဲ့ ဖလားလွဲချော်တာမျိုး ဖြစ်လာနိုင်တာကို ကိန်းက စိတ်ပျက်နေပါတယ်။
ကိန်းကတော့ ‘ ဒီနေ့ပွဲ ကစားခဲ့တာနဲ့ ပတ်သက်လို့ အရမ်း စိတ်ပျက်ရပါတယ်။ အခုဆိုရင် ကျနော်တို့ ၅ မှတ် ကွာဟသွားပါပြီ။ ဒါပေမယ့် ပွဲတွေ အများကြီး ဆက်ကစားရဦးမှာပါ။
ဒီပွဲက နာကျင်ရပါတယ်။ ကျနော်တို့ အနိုင်ရလိုခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ ချန်ပီယံလိဂ်နဲ့ နောက်ပွဲကိုလည်း အာရုံစိုက်ရပါမယ်။
ပွဲတွေ အများကြီး ကစားရဦးမှာမို့ တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ ကြိုးစားရပါမယ်။ ’ လို့ ဆိုပါတယ်။
အမှတ်ပေးဇယားမှာ လေဗာကူဆင်နောက် ၅ မှတ်အကွာကို ရောက်သွားပေမယ့် ဒီရာသီ ချန်ပီယံတွေအဖြစ် အလွန်ဆိုတို့ ရေပန်းစားသွားပြီးလို့ ပြောဆိုဖို့ကို ဟယ်ရီကိန်းက ငြင်းပါတယ်။
‘ ဒီပွဲက ချန်ပီယံအသင်းကို အဆုံးအဖြတ် မပေးသေးပါဘူး။ ကျနော်တို့ ကိုယ့်ဘာသာပဲ အာရုံစိုက်နေမှာပါ။ ပွဲတွေက ခပ်စိတ်စိတ်လာတော့မှာပါ။ ကျနော်တို့ ရလဒ်တွေ ခပ်မြန်မြန် ပြန်ယူနိုင်ရပါမယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။