အာဆင်နယ်အသင်းဟာ မနှစ်ကနဲ့မတူ ပိုကောင်းတဲ့အသင်း အဖြစ် ပြောင်းလဲလာခဲ့တာဟာ ဒီနွေတုန်းက ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကြောင့် ဖြစ်ကြောင်း ဒန်နီမာဖီက ချီးကျူးပါတယ်။
ဆာကာ၊ မာတင်နယ်လီ၊ ထရော့ဇတ်တို့ရဲ့ သွင်းဂိုးတွေဖြင့် အာဆင်နယ်က လီဗာပူးကို ဂိုးပြတ် ခြေမှုန်းရာမှာ ရိုက်စ်ရဲ့ ကွင်းလယ်ပိုင်း စီးမိုး ကစားနိုင်မှုက အဓိက ကျခဲ့တာပါ။
ဒီရာသီမှာ မန်စီးတီးကိုလည်း အနိုင်ယူခဲ့ပြီးဖြစ်တဲ့ အာဆင်နယ်ဟာ အဓိက ဖလားပြိုင်ဘက် ၂ သင်းကို အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပြီး ဖြစ်ပါတယ်။ ရိုက်ရဲ့ အံ့မခန်း ခြေစွမ်းဟာ အာဆင်နယ်ကို ပြောင်းလဲစေခဲ့တယ်လို့ မာဖီက မြင်ပါတယ်။
လီဗာပူးကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ မနှစ်ကနဲ့ ဒီနှစ် အာဆင်နယ် ဘာတွေ ကွာခြားသွားလဲ သုံးသပ်ရာမှာ
“ ယုံကြည်မှုပိုင်းပါပဲ။ မနှစ်ကရာသီ ကုန်ခါနီးမှာ အာဆင်နယ်က ယုံကြည်မှုပိုင်း အားနည်းခဲ့တယ်။ သူတို့ရဲ့ ယုံကြည်မှု ကျဆင်းနေခဲ့ပါတယ်။ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်ကို ရလိုက်တာက သူတို့အတွက် အပိုဒိုင်မေးရှင်းပါပဲ။ သူက သိပ်ကောင်းပါတယ်။
ရိုက်စ်က ရုပ်ပိုင်းဆိုင်ရာ သန်မာသလို အာဆင်နယ်ကို ဦးဆောင်တစ်ဦးအဖြစ် ဦးဆောင်ပေးနေတယ်။ ဂျော်ဂျင်ဟိုရဲ့ အတွေ့အကြုံကလည်း အရေးပါပါတယ်။ ” လို့ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ၁၅ ပွဲမှာ မန်စီးတီး၊ လီဗာပူးတို့ကို ကျော်တက်သွားမလား စိတ်ဝင်စားစွာ စောင့်ကြည့်ရပါလိမ့်မယ်။