လီဗာပူးအသင်းက ဘန်လေကို အနိုင်ရတဲ့ပွဲမှာ လူးဝစ် ဒီယက်စ်ရဲ့ တိုက်စစ်ပိုင်း ဘောလုံးမပေးခဲ့တဲ့ အခိုက်အတန့် တစ်ခုဟာ လူမှုကွန်ယက်မှာ ပြောစရာ ဖြစ်နေခဲ့ပါတယ်။
လီဗာပူးအသင်းက ဘန်လေကို ၂-၁ ဖြင့် အနိုင်ရထားချိန် တိုက်စစ်ပိုင်း ထိုးဖောက်ရာမှာ ဒီယက်စ်ဟာ ဒါဝင်ရဲ့ ပြေးလမ်းကြောင်းထဲ ဘောလုံးထည့်ပေးလိုက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒါပေမယ့် ဒီယက်စ်က ဘောလုံးကို ထိန်းပြီး ဘယ်ခြမ်းမှာ တက်လာမယ့် ဂျိုတာကိုပဲ ပေးဖို့ ရွေးချယ်ခဲ့တာပါ။
သိပ်ကောင်းတဲ့ အခွင့်အရေးဖြစ်ပေမယ့် ဒီယက်စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်လှုပ်ရှားစရာ မရှိတဲ့ တိုက်စစ်ဆင်မှုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဒါဝင် တတိယဂိုး ထပ်သွင်းပေမယ့် ဒီယက်စ်ရဲ့ ဖြစ်ရပ်က အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။
The Redmen TV ကနေပြီး ” ရှင်းရှင်းလင်းလင်း အတွင်းထံကို ဝင်ပြီး ထိုးဖောက်လို့ရမယ့် အခွင့်အရေးကြီးမှာ ဒါဝင်ကို လျစ်လျူရှုဖို့ ဒီယက်စ် ရွေးချယ်သွားပါတယ်။ ” လို့ ထောက်ပြခဲ့တယ်။
TIA ကလည်း ” ပွဲကို အပြတ်ဖြတ်နိုင်မယ့် အခွင့်အရေးကြီးပါ။ ဂျိုတာရဲ့ အားထုတ်မှုက လွဲချော်ခဲ့ရတယ်။ ဒါပေမယ့် ဒီယက်စ်က ဒါဝင်ကို ဘောလုံးပေးဖို့ ကြိုးစားခဲ့သင့်တာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။
များစွာသော လီဗာပူးပရိသတ်တွေကတော့ ဒီလို အခွင့်အရေးမျိုးမှာ ဘယ်သူပဲဖြစ်ဖြစ် တိုက်စစ်မှာ နေရာလွတ်ရတော့မယ့် အသင်းဖော်ကို ဖန်တီးမှု လုပ်ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြတယ်။
ဒီယက်စ်ဟာ ဒါဝင် လူကျွံနေတယ်လို့ ထင်နေသလား? ဒါမှမဟုတ် ဒါဝင်ရဲ့ အဆုံးသတ်ပိုင်းကို ယုံကြည်ချက် မရှိသလား? ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်ဟာ တိုက်စစ်သမားတွေကြား နားလည်မှုပိုင်း လိုအပ်နေသေးတာကို ပရိသတ်တွေ ရှင်းရှင်းလင်းလင်း မြင်ဖို့ ဖြစ်လာစေပါတယ်။
အဲ့နောက်ပိုင်းမှာ ဒါဝင်က ဂိုးသမားနဲ့ တစ်ဦးချင်း ထိပ်တိုက်တွေ့ကာ အပိုင်ပိတ်ခွင့်ရပေမယ့် တည့်တည့်ကန်ခဲ့သေးသလို သူကပဲ ဟာဗေးရဲ့ ဖြတ်တင်ဘောကနေ ပွဲကို အပြတ်ဖြတ်နိုင်မယ့် တတိယဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။