အနာဂတ်မှာ ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း အာတီတာက ထုတ်ပြောလာပါတယ်။
အာဆင်နယ်နည်းပြကပဲ “ ဟုတ်ပါတယ်။ တစ်ရက်မှာ သူ အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်လာဖို့ အရည်အချင်း ရှိပါတယ်။ လူငယ်အဆင့်တည်းက သူဟာ အသင်းခေါင်းဆောင် ဖြစ်ခဲ့တာပါ။
ရိုက်စ်က ဝက်စ်ဟမ်းမှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့တယ်။ တခါတလေတော့ သူက လက်ပတ် မလိုတဲ့ ခေါင်းဆောင် တစ်ဦးပါ။
သူစကားပြောရင် လူတွေက နားထောင်တယ်၊ အာရုံစိုက်ကြတယ်။ သူက ခေါင်းဆောင်မှုပိုင်း အရည်အချင်း ရှိသူပါ။ အတော်လေး ရင့်ကျက်ပြီး ယုံကြည်မှုရှိသူ ဖြစ်ပါတယ်။
သူ့အတွက် ပြောင်းရွှေ့ကြေး အများကြီး ပေးထားရတာမို့ ကျနော်တို့က သူ့ထံကနေ အကောင်းဆုံးတွေ မျှော်လင့်ကြပါတယ်။ သူက ကြံ့ခိုင်မှု ကောင်းနေသလို အသင်းမှာလည်း ချစ်ခင်ခြင်း၊ လေးစားခံရခြင်းတွေ ပိုင်ဆိုင်နေပါတယ် ” လို့ ထုတ်ပြောသွားပါတယ်။
ရိုက်စ်ဟာ ဒီနွေတုန်းက အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ကာ လိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် တောက်ပနေတာ ဖြစ်ပါတယ်။