ဟွိုင်လန်းဟာ ယူနိုက်တက်က အက်စတွန်ဗီလာကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါပြီ။
ပုံစံကောင်းတွေရနေတဲ့ တိုက်စစ်မှူးဟာ ပွဲအစ ၁၇ မိနစ်မှာတင် ဦးဆောင်ဂိုး စသွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေါက်ကလပ် လူးဝစ်က ခြေပဂိုး ပြန်ယူခဲ့ပေမယ့် တော်မီနေးက အနိုင်ရစေမယ့် ခေါင်းတိုက်ဂိုး သွင်းယူခဲ့တာပါ။
ဒီပွဲဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့ ရလဒ်ဖြစ်ပြီး အခုဆိုရင် အဆင့် ၄ နေရာက စပါးနောက် ၆ မှတ်အကွာ၊ အဆင့် ၅ မှ အက်စတွန်ဗီလာနဲ့ ၄ မှတ်အကွာကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။
နွေကမှ ယူနိုက်တက်ထံ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ် ၅ ပွဲဆက်အဖြစ် ဗီလာ၊ စပါး၊ ဝုဗ်၊ ဝက်စ်ဟမ်း၊ ဗီလာပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက် ၂၁ နှစ်အောက် တိုက်စစ်သမားတွေအတွင်း အမှတ်ပေးပွဲစဉ် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ၂ ဦးထဲက ၁ ဦးဖြစ်လာခဲ့တယ်။ အခြား တစ်ဦးကတော့ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီး တိုက်စစ်မှူးဟောင်း အနယ်ကာ ဖြစ်ပါတယ်။
အကယ်လို့ လာမယ့် လူတန်ပွဲမှာပါ ဟွိုင်လန်း ဂိုးသွင်းနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းမှာ ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး တိုက်စစ်မှူး ဖြစ်လာမယ်လို့ သိရပါတယ်။