အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် အနိုင်ယူပြီးတဲ့နောက် ယူနိုက်တက်ဟာ ဘယ်လို ပြိုင်ဘက်ကို မဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြွေးကြော်လိုက်ပါတယ်။
အိမ်ကွင်း သိပ်ကောင်းတဲ့အသင်းလို့ နာမည်ကြီးနေတဲ့ အက်စတွန်ဗီလာကို ၂-၁ ဖြင့် အနိုင်ရခဲ့ခြင်းနဲ့အတူ ယူနိုက်တက်ဟာ Top 4 စိန်ခေါ်မှုထဲ ပြန်ဝင်ဖို့ တာဆူလာခဲ့ပါပြီ။
တန်ဟက်က “ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် ကျနော်တို့က ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်တယ်။ ဒါပေမယ့် တစ်ခါတလေ အဝေးကွင်းတွေမှာ ကျနော်တို့က ပိုပြီး ယုံကြည်ချက်ရှိနေတတ်ပါတယ်။
အာဆင်နယ်နဲ့ပွဲကို ကျနော်တို့ နိုင်ခဲ့သင့်တာ၊ တကယ်တမ်း နိုင်ဖို့ ထိုက်တန်ခဲ့တာ ကျနော်တို့ပါ။ လီဗာပူးနဲ့ပွဲကိုလည်း ကျနော်တို့ နိုင်ခဲ့သင့်ပါတယ်။
အဲ့တာကပဲ ကျနော်တို့ အသင်းနဲ့ ပတ်သက်လို့ ယုံကြည်မှုပါ။ ဒီနေ့ (အက်စတွန်ဗီလာ) ပွဲကို အနိုင်ရမယ်လို့ အသင်းသားတွေက ယုံကြည်ချက်ရှိနေတယ်။ ဒါကြောင့်ပဲ ဒီပွဲကို ကျနော်တို့တွေ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
အခုဆိုရင် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက စပါအသင်းနဲ့ ၆ မှတ်ပဲ ကွာတော့တာမို့ ရလဒ်ကောင်းတွေ ဆက်ထိန်းနိုင်မယ်ဆိုရင် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။