ပရီးမီးယားလိဂ်ကို မန်စီးတီးနဲ့အပြိုင် စိန်ခေါ်မယ့် အသင်းဟာ လီဗာပူးလား အာဆင်နယ်လား ဆိုတဲ့ မေးခွန်းကို ဂယ်ရီနဗီးက သဲသဲကွဲကွဲဖြစ်အောင် ရွေးထုတ်သွားပါတယ်။
ရာသီစကတည်းက အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရလိမ့်မယ် ခန့်မှန်းထားတဲ့ ဂယ်ရီနဗီးဟာ ဒီတလောမှာတော့ မန်စီးတီး ချန်ပီယံဖြစ်မယ် ပြောလိုက်၊ အာဆင်နယ် ချန်ပီယံဖြစ်မယ် ပြောလိုက်နဲ့ တစ်ဦးတည်း ဗျာများနေတာပါ။
ဆုဖလားစိန်ခေါ်မှုနဲ့ ပတ်သက်လို့ ဂယ်ရီနဗီး သုံးသပ်ရာမှာ “ ကျနော်ကတော့ သူတို့ကို (အာဆင်နယ်) အတော်လေး စိ်တ်ဝင်စားနေမိတယ်။ ဘာလို့လဲဆိုတော့ သူတို့ကပဲ မန်စီးတီးရဲ့ အနီးကပ် ပြိုင်ဘက်အသင်းလို့ ကျနော် ထင်နေမိလို့ပဲ။
လီဗာပူးကလည်း မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းပါပဲ၊ သူတို့မှာ မန်နေဂျာကောင်းလည်း ရှိထားပါတယ်။ ဒါပေမယ့် အာဆင်နယ်ပွဲတွေကို ကြည့်တဲ့အခါ သူတို့က ပိုကောင်းတဲ့ အသင်းလို့ ခံစားမိနေတယ်။
ဒီလိုပြောလို့ အာဆင်နယ်က ဖလားရမယ်၊ အမှတ်ပေးဇယားမှာ လီဗာပူး အထက်က ရပ်နိုင်မယ် ဆိုတာမျိုး မဟုတ်ဘူးနော်။ ဒါပေမယ့် သူတို့က လီဗာပူးထက် ပိုကောင်းပြီး ဖလားစိန်ခေါ်လာနိုင်နေတာပါ ” လို့ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်ကြား ရမှတ် ၂ မှတ်ပဲ ကွာဟသလို ဂိုးကွာခြားချက်ကလည်း ၁ ဂိုးပဲ ရှိတာမို့ အတော်လေး အကျိတ်အနယ် ရှိနေတာပဲ ဖြစ်ပါတယ်။