ပြီးခဲ့တဲ့လက စီးရီးအေကလပ် ရိုးမားအသင်းရဲ့ ရာထူးက ထုတ်ပယ်ခြင်း ခံထားရတဲ့ မော်ရင်ညိုဟာ နည်းပြလောကထဲ ပြန်ဝင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မော်ရင်ညိုဟာ လက်ရှိမှာ ဂျာမာန်စကားကို သင်ယူနေပြီး ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကို တာဝန်ယူဖွယ် ရှိနေပါတယ်။ ဘွန်ဒက်လီဂါမှာ လေဗာကူဆင်နဲ့ ၅ မှတ်ပြတ်နေတဲ့နောက် ဘိုင်ယန်ဟာ ရာသီကုန်မှာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိနေပါတယ်။

တူချယ်ရဲ့ နည်းစနစ်ကို ဘိုင်ယန်မြူးနစ် အသင်းသားတွေ သိပ်သဘောမကျသလို ပရိသတ်တွေကလည်း သူ့အပေါ် ဝေဖန်မှုတွေ ရှိထားတာပါ။

BILD ကတော့ တူချယ်ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ဘိုင်ယန်မြူးနစ်ဟာ နယူးကာဆယ်နဲ့ သတင်းထွက်နေတဲ့ မော်ရင်ညိုကို ကြိုးစားကြည့်နိုင်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာ အလွန်ဆိုကိုလည်း နည်းပြရာထူးအတွက် ချိန်ရွယ်ထားပေမယ့် လီဗာပူးက ခြေတစ်လှမ်း သာနေခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် စီအီးအိုကတော့ တူချယ်ကို ရာထူးမှာပဲ ဆက်ထားဦးမယ်လို့ ကာကွယ်ပေးထားပေမယ့် ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်မှာ ရလဒ်တွေ မကောင်းရင်တော့ နည်းပြနေရာ တည်မြဲရေး အာမခံချက် မရှိတာဖြစ်ပါတယ်။