ဘောလုံးလောကကို စောင့်ကြည့်လေ့လာနေတဲ့ ဥရောပ အဖွဲ့အစည်းတစ်ခုက ပြီးခဲ့တဲ့ရာသီမှာ ဥရောပတစ်ဝှမ်းမှာ ရှိတဲ့အသင်းတွေရဲ့ အနေအထားတွေကို လေ့လာခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံးနည်းပြ ကလပ်အသင်း နည်းပြ ၁၀ ဦး စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထို စာရင်းရဲ့ နံပါတ် (၁ဝ) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့သူကတော့ ချယ်လ်ဆီး အသင်းရဲ့နည်းပြ ဆာရီပဲ ဖြစ်ပါတယ်။ နံပါတ် ၉ နေရာ မှာကတော့ နာပိုလီအသင်းရဲ့ ပဲ့ကိုင်ရှင် အန်ဆလော့တီက ရပ်တည်နေပြီး နံပါတ် ၈ နေရာမှာတော့ အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီက ရပ်တည် နေခဲ့တာပါ။

နံပါတ် ၇ နေရာမှာတော့ ဘာစီလိုနာ အသင်းနည်းပြ ဗယ်ဗာဒီနဲ့ နံပါတ် ၆ နေရာမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းနည်းပြ ဆီမြွန်နီ တို့က အသီးသီးရပ်တည်နေကြပါတယ်။

အဆင့် ၅ နေရာမှာတော့ စပါးအသင်းကို သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဖိုင်နယ်ကို ပို့ပေးနိုင်ခဲ့တဲ့ ပိုချက်တီနိုက ရပ်တည်နေပါတယ်။

အဆင့် ၄ နေရာမှာတော့ ဂျူဗင်တပ်အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ အယ်လီဂရီနီက ရပ်တည်နေပြီး အဆင့် ၃ နေရာမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပဲ့ကိုင်ရှင် ဇီဒန်းက ရပ်တည်နေပါတယ်။

အဆင့် ၂ နေရာမှာတော့ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ယာဂင်ကလော့က ရှိနေပါတယ်။ ကမ္ဘာ့ အကောင်းဆုံး နည်းပြဆုကို ရယူနိုင်ခဲ့တဲ့သူကတော့ မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ လေ့လာမှုဟာ ပြည်တွင်းပွဲစဉ်တွေရဲ့အနေအထား ၊ ကစားသမားအင်အား ၊ နည်းဗျူဟာပိုင်း ၊ ပြိုင်ပွဲကြီးတွေမှာ ပြသနိုင်ခဲ့တဲ့ အရည်အချင်းတွေ အပေါ် မူတည်ပြီး တွက်ချက်ထားတယ်လို့ ဆိုထားပြီး ဘောလုံးကျွမ်းကျင်သူတွေကလည်း ထိုစာရင်းဟာ ကောင်းမွန်တယ်လို့ သုံးသပ်နေကြပါတယ်။