ဆွန်ဟောင်မင်ကတော့ လီဗာပူးအသင်း အရမ်းကောင်းနေပါတယ် ဆိုကာ ပရီးမီးယားလိဂ်ဖလား အပြိုင်လုရေး စပါးတို့ ဝင်ပါနိုင်မယ် ပြောဆိုချက်ကို ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဒီအပတ်မှာ လီဗာပူးက ဘန်လေကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ရှိနေသလို စပါးကလည်း ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ရမှတ်ကွာဟချက်ကို ဆက်ထိန်းခဲ့ပါတယ်။
ဒါကြောင့်ပဲ ကလော့ပ်က ” နိုင်ပွဲကြီးရခဲ့တဲ့ စပါးကိုလည်း ဖလားပြိုင်ဆိုင်မှုထဲ ထည့်ရပါမယ်။ အာဆင်နယ်ကတော့ အတော်လေး ကောင်းနေတယ်။
အရင် ၂ ပတ်လောက်ကတော့ ကျနော်တို့က အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ခဲ့တယ်။ ၂ ပတ်အပြီးမှာတော့ နေရာစုံမှာ အားနည်းနေပြန်ရော။ ဒါတွေက ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ အားလုံး ကံကောင်းဖို့လည်း လိုပါတယ်။ ကံမပါခဲ့ရင်လည်း ကိုယ်တိုင်က တိုက်ခိုက် ကျော်ဖြတ်ရမှာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။
ဘရိုက်တန်ကို အနိုင်ရပြီးချိန်မှာ စပါးအဝတ်လဲခန်းက ကလော့ပ် ခန့်မှန်းတဲ့အတိုင်း ရည်မှန်းချက်ကြီးတွေ ပြင်းထန်နေလားလို့ မေးခံရချိန်မှာ ဆွန်က အခုလို ဖြေဆိုပါတယ်။
” ကျနော်တို့ ဖလားစိန်ခေါ်နိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ်ရှိနေတဲ့ နေရာအတွက်ပဲ အကောင်းဆုံး ကြိုးစားနေတာပါ။ ဖလားစိန်ခေါ်မယ့် ကလပ်တွေက အများကြီး ရှိပါတယ်။ ရေပန်းစားအသင်းတွေလည်း အများကြီးပဲ။
မန်စီးတီး၊ လီဗာပူးတို့က သိပ်ကောင်းနေပါတယ်။ ကျနော်တို့ကတော့ ရာသီကုန်ထိ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးကိုပဲ ပေးဆပ်ကစားရမှာပါ။ ရောက်နိုင်မယ့် အဆင့်ကို လက်ခံ ယူသွားဖို့ပါပဲ ” လို့ ပြောဆိုသွားပါတယ်။